ကဗျာ

T နိုင် ● စစ်လက်ကျန်ပန်းချီကား

T နိုင် ● စစ်လက်ကျန်ပန်းချီကား
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇

ဒုတိယကမ္ဘာစစ်က မြင်းရထားပြေးလမ်းကို
သံကြိုးခတ်ထားတဲ့ ခြေထောက်တွေနဲ့ ဖောက်လုပ်ခဲ့တယ်
ခြေထောက်တွေဟာ တော်တော် သန်မာတာပဲ
ငါ ပန်ချီကားကိုကြည့်ပြီး တွေးမိ
ရုတ်တရက်ဆိုသလို
ပန်းချီဆရာဟာ ငါ့ကို စစ်ကြီးထဲ ဆွဲချလိုက်တယ်
ငါဟာ ပန်းချီကားထဲမှာ မြင်းရထားမောင်းလို့
ရှေ့တန်းစစ်မျက်နှာပြင်က အသေခံတိုက်ခဲ့တဲ့ သူရဲကောင်းကြီးဟာ
သူ့ဘဝနောက်ဆုံးအချိန်ကို ပန်ချီကားထဲ မြှုပ်ထားပေးဖို့ မှာတယ်
ဆေးသားတွေဟာ အသွေးအသားထဲထိ လှိုက်စားလာတယ်
နှာခေါင်းသွေးထွက်သေဆုံးနေတဲ့အလောင်းဟာ လည်းပင်းမှာ ပြတ်ရှဒဏ်ရာနဲ့
သေတယ် မသေဘူးဆိုတာထက် အလောင်းကို သယ်ခဲ့ဖို့
ငါ့မှာ လက်နှစ်ဖက်တောင် ပါမလာခဲ့ဘူး
ဥသြမဆွဲခင် မြင်းရထားကို မောင်းနိုင်သမျှ မောင်းထားတာ အကောင်းဆုံးပဲ
ဘယ်သူဟာ ရန်သူလဲမသိခင် ပန်ချီကားထဲက မြန်မြန်ခုန်ထွက်လိုက်တယ်။ ။

Tနိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts