သာဂိ လောကဓာတ်ခန်း

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (၈)

လောကဓာတ်ခန်း သာဂိ  – Office Application in the Cloud (၈)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၇
Cataloging EMAILs in Groups or Labels
ဒီတခါမှာတော့ email contacts တွေကို သြဂနိုက်ဇ် လုပ်သလိုမျိုး email messages တွေကိုလည်း သြဂနိုက်ဇ် (Organize) လုပ်လို့ရတယ်ဆိုတာကို လေ့လာမှာဖြစ်ပါတယ်။ အီးမေးမက်စိတွေကိုလည်း လေဘယ် ထိုးလို့ ရပါတယ်။ ဒါကို label လုပ်တယ်၊ အုပ်စုဖွဲ့ နာမည်ထိုးထားတယ်လို့ ပြောကြပါတယ်။

 

အီးမေး အသိုင်းအ၀န်းမှာ EMAIL CIRCLES ဆိုတာက အလုပ်အီးမေး၊ မိသားစုတွေက အီးမေး၊ ကျောင်းက လာတဲ့ အီးမေးတွေ၊ ဗဟုသုတရဖွယ် မှတ်သားစရာ အီးမေးတွေဆိုပြီး အမျိုးအစားတွေခွဲပြီး အုပ်စုဖွဲ့ပြီး သိမ်းဆည်း ထားတာမျိုး ဖြစ်ပါတယ်။

 

Label emails

 

Applying a label

 

အီးမေးတွေကို select လုပ်ပြီးတော့ အပေါ်ဆုံးတန်းမှာ ရှိတဲ့ icons တွေထဲက Label ပုံလေး နှိပ်၊ ဆွဲချပြီးတော့ သူ့အီးမေးအမျိုးအစား၊ အုပ်စု လေဘယ်ကို သတ်မှတ်ပေးပါ။

 

Create New Labels
Label တွေကိုလည်း တခါတည်း အသစ်ဖန်တီးနိုင်ပါတယ်။

 

 

How Labels display in email view list

 

The label appears next to the subject

 

အီးမေးတွေကို လေဘယ်ထိုးလိုက်ရင် အီးမေးလစ်မှာ အဲသည် လေဘယ်နဲ့ပါ အီးမးတွေက တွဲပေါ်နေတာကို တွေ့ရပါတယ်။

 

Viewed Labeled Messages

 

Selecting a label

 

လေဘယ်ထိုးထားတဲ့ မက်စိတွေချည်း သက်သက် ကြည့်ချင်တယ်ဆိုရင် ဘယ်ဘက်ကော်လံမှာ Circles အောက်မှာ ကိုယ်ရှာချင်တဲ့ လေဘယ်ထိုး မက်စိများကို စစ်ပြီးသား ကြည့်နိုင်ပါတယ်။

 

Viewing hidden labels
လေဘယ်ထိုးထားတာတွေ များလို့ ဘေးကော်လံမှာ မပေါ်ရင် More ဆိုတာကို နှိပ်ပြီး complete label list ကို ရှာကြည့်နိုင်ပါတယ်။

 

Choose Label Color

 

The drop-down arrow next to the label name

 

လေဘယ်တွေကို စီစဉ်ရာမှာ လေဘယ်တွေကို ကာလာပါထိုးပြီး စီစဉ်လို့ရပါတယ်။ အရောင်နဲ့ ဆိုတော့ လေဘယ်တွေကို ခွဲခြားကြည့်ရတာ ပိုမြင်သာ လွယ်ကူပါတယ်။

 

Selecting a color

 

ကိုယ်ပြင်ချင်တဲ့ လေဘယ်ကို ဆွဲချ၊ ပြီးတော့ ဘေးမှာ ပေါ်လာတဲ့ အတိုင်း ပြင်စရာ ကာလာ ကို ရွေးနိုင်ပါတယ်။
Several different labels with colors

 

ဒါဆိုရင် ကိုယ့်အီးမေးလစ်စ်မှာ ဘယ်အသိုင်းအ၀ိုင်း ဘယ်နေရာတွေ ဘယ်ကဏ္ဍတွေက အီးမေးတွေ ၀င်နေသလဲဆိုတာကို လေဘယ်ထိုးပြီး သိမ်းထား စိစစ်ထားလို့ ရပါတယ်။

 

Auto Filter Messages with Label

 

ခုနင်က ပြောနေတဲ့ဟာတွေ အားလုံးက အီးမေးတွေကို label ထိုးတဲ့နေရာမှာ တခုချင်းစီ အီးမေးတွေကို မေးဘောက်စ်ထဲကနေ လက်နဲ့ ရွေးပြီး လေဘယ်ထိုးတာ ဖြစ်ပါတယ်။ ဒါကို manual filter လက်နဲ့ စိစစ်ပြီး manual label လက်နဲ့ လေဘယ်ထိုးတာ ဖြစ်ပါတယ်။ manul ဆိုတာ ကိုယ့်ဖာသာကိုယ် လုပ်ရတာ၊ စက်ကို လုပ်ခိုင်းရတာမဟုတ်ဘူး။ AUTO Filter လုပ်ပြီး Label ထိုးတာမျိုး – အီးမေးတွေထဲက ကိုယ်သတ်မှတ်ထားတာ ၀င်လာတာနဲ့ ဂူးဂဲကနေ အော်တို ရွေးပြီး အရောင်ချယ်ပေးတာမျိုး လုပ်ခိုင်းလို့ လည်း ရပါတယ်။

 

ဥပမာ Facebook က ပို့တဲ့ မတ်စိတိုင်းကို အရောင်ထိုးပြီး ဖေ့စ်ဘွတ်ဆိုတဲ့ လေဘယ် အလိုအလျောက် ထိုးခိုင်းထားမယ်။ အခုဝင်လာတာကော နောင်အနာဂတ်မှာ ၀င်လာမယ့် စာတွေ အတွက်ကော လုပ်မယ် ဆိုကြပါစို့။

 

Selecting a message

 

Facebook ကလာတဲ့ အီးမေးကို ဖွင့်ပါ။

 

Filtering similar messages

 

More ဆိုတဲ့ Action Pull Down ကို ဆွဲချပြီး Filter messages like these ကို ရွေးပါ။

 

Filtering messages by sender

 

အဲသည်မှာမှ Facebook ဆိုတဲ့ Label အမည်ကို ဖန်တီးပေးပါ။ Create filter with this search ကို ကလစ်လုပ်ပါ။

 

Choosing an action and creating the filter
သင်အလိုရှိရာ ACTION တွေ ရွေးနိုင်ပါတယ်။  အခုဟာကတော့ APPLY to the Label ဆိုပြီး Check လုပ်ရုံပါပဲ။

 

အဲသည်မှာ အခု အီးမေးသာမက အတိတ်က ၀င်ခဲ့တဲ့ facebook emails တွေကိုပါ filter လုပ်ချင်ရင်တော့ – Also apply filter to matching converstations ဆိုတာကိုပါ check လုပ်လိုက်နိုင်ပါတယ်။

 

To Delete or Edit Filter
Going to Settings

 

Filter တွေ အများကြီးနဲ့ Label တွေ အများကြီး လုပ်ထားမိလို့ နောက်ပြီးတော့မှ ဖျက်ပစ်ချင်တယ်၊ ပြင်ချင်တယ် ဆိုရင် အီးမေး ၀င်းဒိုး အပေါ် ညာဖက်ထောင့်က GEAR စက်သွားပုံ လေးကို ဆွဲချ၊ ဆက်တင်းကို ရွေးပါ။

 

Managing filters

 

အဲသည်ထဲက Filters and Blocked Addresses (Tab) ကို ရွေးပါ။ အဲသည်မှာ သင်ဖန်တီထားတဲ့ Filter ကို တွေ့လိမ့်မယ်။ အဲသည်မှာ edit or delete စိတ်ကြိုက်လုပ်နိုင်ပါပြီ။

 

ဒီနေရာမှာ သင်တန်းသားတွေကို ရှင်းပြရမှာက အီးမေးဖြင့် စီမံခန့်ခွဲမှုသည် ရုံး၊ အိမ်၊ ကျောင်း၊ ၀ါသနာ၊ ဗဟုသုတလုပ်ငန်း အားလုံးမှာ လိုအပ်ချက် တခုဖြစ်တဲ့အပြင် မိမိကိုယ်ကိုယ် မိမိ ဘယ်လောက် စနစ်တကျ စီစဉ် လုပ်ကိုင် နိုင်သလဲကိုပါ လေ့ကျင့်ရာ ရောက်ပါတယ်။ လက်တွေ့ အသုံးကျတယ်ဆိုတာကို ရှင်းပြသင့်ပါတယ်။

 

အီးမေးကနေပြီး ဂူးဂဲဒရိုက် နဲ့ ကလောဒ့် Google drive in the Cloud ကို ဆက်ပြီး လေ့ကျင် စီမံတော့မှာ ဖြစ်တဲ့အတွက် ဒီလိုမျိုး အမြင်ရှိနေပြီဆိုရင် ရှေ့လျောက် လွယ်ကူသွားတော့မှာ ဖြစ်ပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts