ကဗျာ မောင်စွမ်းရည်

ငြိမ်းချမ်းသူ – ကန္တာရကျောက်ပန်းခက်

 

ငြိမ်းချမ်းသူ – ကန္တာရကျောက်ပန်းခက်
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇

(ကဗျာဆရာမှ ကဗျာဆရာအတွက်၊ ကဗျာဆရာ မောင်စွမ်းရည်သို့)

“မြို့ကြီးတမြို့ဟာ
အကျဉ်းထောင်ကြီးတထောင် ဖြစ်သွားတဲ့အခါ ….

• သင်ဟာ
ဓားတလက်လို ချွန်ထက်နေရမယ်
ဂျုံစေ့တစေ့လို ရိုးစင်းနေရမယ်
ကုလားအုပ်တကောင်လို ဇွဲရှိနေရမယ်”တဲ့။

• ဒါ
သဲကန္တာရကြီးမှာ ကြီးပြင်းရှင်သန်တဲ့
ကဗျာဆရာကြီး တဦးက ရေးခဲ့တယ်။

• ဟုတ်ပ
စိတ်ကူးအိပ်မက်သစ် အိုအေစစ်
ဘယ်သူမချစ် ရှိပါ့မလဲ။

• ကဲ –
သဲကန္တာရကြီးကို
ငါတို့ ပြောင်းလဲ မပစ်နိုင်လဲ …..

• မိမိကိုယ်ကို
ကန္တာရ ကျောက်ပန်းခက်လို
နှလုံးသား ရှားစောင်းလက်ဝါး
ဖြစ်စေခဲ့ပြီတကား။ ။

ငြိမ်းချမ်းသူ
၃၀ ရက် ဒီဇင်ဘာ ၂၀၁၆။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts