ကဗျာ

ရဲထက် ● မေတ္တာတရားရဲ့လားရာ

ရဲထက် ● မေတ္တာတရားရဲ့လားရာ
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၇

စိတ်ထဲသိပ်ထားတဲ့ညတွေမှာ
သားချော့တေးတွေတိတ်တိတ်လေးဆိုနေမလား
မုဆိုးမတယောက်ရဲ့စိတ်ဟာ
အမြင်မှာတော့ ပြတ်သားလွန်းလှတယ်။

တကောင်ကြွက်ရခြင်းဟာ
တမျိုးသားလုံး မျက်နှာပွင့်ဖို့။

တပွင့်ထဲပါပဲ
ဝေဝေဝါးဝါးနှင်းတောထဲ
ဆွေခန်းမျိုးခန်းဖြတ်ပြီး ပျံနေတယ်
ငါးဆယ့်တသန်းသော
အနာဂါတ် မသေမရှင်တွေ ကုဖို့။     ။

ရဲထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts