ကဗျာ

ကမ်လူဝေး ● မြေခွေးများ

ကမ်လူဝေး ● မြေခွေးများ
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇

ဘီယာဆိုင်မှာ
မိတ်ဆွေတစုနဲ့ ဘီယာသောက်တော့
ဝိုင်းထဲမှာ မြေခွေးတကောင် ရောက်နေ။

ဆေးခန်းမှာ
လူနာကြည့်တော့
လူနာရဲ့နောက်မှာ မြေခွေးတကောင်ပါလာ။

ငယ်သူငယ်ချင်းနဲ့ ဆုံတုန်း
စကားစမြည်ပြောဖြစ်တော့
သူငယ်ချင်းက မြေခွေးဖြစ်နေ။

တောကြီးမျက်မည်း မဟုတ်ဘူး
မြို့ကြီးထဲမှာ လူတွေကြားမှာ
များလှတဲ့ မြေခွေးတွေ။

မျိုးပွားနှုန်းမြန် မြေခွေးတွေ
ကူးစက်ရောဂါလိုပျံ့နေတဲ့ မြေခွေးတွေ
နေရာတကာ မြေခွေးတွေ။

စိတ်ပျက်လက်ပျက်နဲ့ မှန်ကိုကြည့်လိုက်တော့
မှန်ထဲက ပြုံးပြနေတာ မြေခွေးတကောင်။ ။

ကမ်လူဝေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts