ကဗျာ

လူဖေ (မြေလတ်) ● ကျွန်တော်နှင့် ကျွန်တော့်ရဲ့အကွာဝေး

လူဖေ (မြေလတ်) ● ကျွန်တော်နှင့် ကျွန်တော့်ရဲ့အကွာဝေး
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇

ငှက်ကိုဖမ်းဖို့တော့
ကျွန်တော် အပျံမသင်ခဲ့ပါဘူး

ကိုယ့်ခြေရာခွက်နဲ့ကိုယ်သာ
လုံလုံလောက်လောက်
ကူးခတ်ခဲ့။

ဒါပေမယ့် မေမေရေ
ကျွန်တော်က ကျွန်တော့်ကို
ကြည့်တဲ့အကြည့်ထဲမှာ
ဘာကြောင့်များ
သံသယတွေ ရှိနေပါလိမ့်

အတွေးတွေ
အရင်လိုမဖြူစင်တော့ဘူးဆိုမှဖြင့်
ကျွန်တော်က ကျွန်တော်ပါလို့
ပြောဖို့တောင်ခက်ရဲ့။

မေမေရေ
ကျွန်တော့်ကို
မေမေ တွေ့ချင်သလိုမျိုး
ကျွန်တော်လည်း ကျွန်တော့်ကို
တွေ့ချင်တာပါပဲ…။

လူဖေ (မြေလတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts