ကဗျာ

တင်လတ်ကို ● လေဆိပ်မှာ

တင်လတ်ကို ● လေဆိပ်မှာ
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၇

တရားဥပဒေ ရှိဖို့
တရားဥပဒေ ပြန်အလာ
လူယုတ်မာရဲ့ လုပ်ကြံခံလိုက်ရတယ်။

ဒါကိုမြင်တဲ့ သမ္မာအာဇီဝဟာ
လူမမယ်ကလေးသုံးယောက်ကိုထားခဲ့
သွေးနုသားနုဇနီးကို ထားခဲ့
တရားဥပဒေမဲ့မှာ မလိုလားတော့
သေနတ်ကို အုတ်ခဲနဲ့ ယှဉ်ဝံ့ခဲ့တယ်။

တရားဥပဒေ ကျဆုံးခဲ့တယ်
သမ္မာအာဇီဝ အသက်ပေးခဲ့ရတယ်။

ရှင်လျက်သေသူကတော့
ဂဠုန်လက်သစ်ကြည်လင်းဖြစ်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts