ကဗျာ မောင်စွမ်းရည်

မောင်စွမ်းရည် – ကစားမယ် (ကလေးကဗျာ)

 

မောင်စွမ်းရည် – ကစားမယ် (ကလေးကဗျာ)
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇

ငယ်ငယ်တုန်းက ကစားလျှင်
စစ်တိုက်တမ်းမှ ကစားချင်
ဒိုင်းညှောင့် အော်လျှင် ပျော်မဆုံး
အိပ်မက်ထဲတောင် ပစ်ခတ်တုန်း။

ဆန္ဒပြတမ်း ကစားရာ
တဒိုင်းဒိုင်းနဲ့ ပစ်ကြတာ
တော်ပြီကွာ သေနတ်ချ
ဒို့ကျောင်းသားတွေ သေပြီကွ။

လာကြ လာကြ ကစားမယ်
ဆွမ်းခံ ဆွမ်းလောင်း ထွက်ကြမယ်
လာပြီကွယ် “ဆွမ်းတော်ဗျို့”
ကုသိုလ်ရနည်း ကစားစို့
ဒေါ်ဒေါ် မမ ဆွမ်းလောင်းဗျို့။

၂၃ ဖေဖော်ဝါရီ ၂၀၁၆၊ ၆း၂၀ ညနေ။ NY


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts