ကဗျာ

ကမ်လူဝေး – ဆုတောင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ချမ်းမြ၏ ဒီဇိုင်း


ကမ်လူဝေး – ဆုတောင်း
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၇

ပြိုလဲနေတဲ့ နိုင်ငံတော်မှာ
ကလေးငယ်ကို ချီထားတဲ့လူရဲ့ ခေါင်းထဲ
သေနတ်ကျည်ဆံ ဝင်သွားတာ ဆန်းသလား
ကြေကွဲရပါရဲ့။

မလုံခြုံတဲ့ ကမ္ဘာကြီးမှာ
နောက်ကျောမလုံသူတွေရဲ့
သွေးစွန်း လုပ်ကြံမှုများ ဆက်ခါ ဆက်ခါ။

ငါဗဟိုပြု တွေးခေါ်မှု့နဲ့
အများအကျိုး အတွက်လို့
အသံကောင်းဟစ်နေသူတွေ
သေနတ်ကိုင်ထားသူကို
ခဲနဲ့ ထုရဲတဲ့
သူရဲကောင်း စွန့်စားမှုဟာ အတုယူစရာ။

အားကြီးသူများ
တရားကို စောင့်နိုင်ပါစေ
ဓမ္မကို ထောက်ခံနိုင်ပါစေ
တောကြီးဝါဒကို တွန်းလှန်
လူသားဝါဒ ထူထောင်နိုင်ပါစေ။ ။

ကမ်လူဝေး
(ဦးကိုနီ ၊ ဦးနေဝင်း ကောင်းရာသုဂတိလားပါစေ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts