သတင်းပဒေသာ

မြက်ပင်ကလေးတွေရှိတဲ့ကမ္ဘာ အချစ်ကဗျာများစာအုပ်ထွက်ရှိ

မြက်ပင်ကလေးတွေရှိတဲ့ကမ္ဘာ အချစ်ကဗျာများစာအုပ်ထွက်ရှိ
(မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၇

အချစ်ဆိုတာ အမြဲတမ်းသစ်လွင်နေမယ်လို့ ယုံကြည်ပါတယ်။ အချစ်ဆိုတာ အိုမင်းရင့်ရော်ခြင်းရဲ့အခြားတစ်ဖက်ကအရာလို့လည်းခံယူထားပါတယ်။ ကဗျာရေးသူတိုင်း အချစ်ကဗျာကို အနည်းနဲ့အများ ရေးဖူးကြမှာသေချာပါတယ်။ ချစ်သူများ နေ့ဆိုတာ ကိုယ့်ကဗျာတွေကို ထုတ်ပြခွင့်ရတဲ့ ပထမဆုံးကစားကွင်းပဲ မဟုတ်ပါလား။ ပန်းဖလက်ကလေးတွေနဲ့ ကျေနပ်ခဲ့ရ တဲ့ကာလတွေကို ပြန်လွမ်းဆွတ်မိပါရဲ့။ ပန်းဖလက်တွေများစွာကို ကျော်ဖြတ်ရင်း `မြက်ပင်ကလေးတွေရှိတဲ့ကမ္ဘာ´ ဆိုက်ရောက်လာပါပြီ။`မြက်ပင်ကလေးတွေရှိတဲ့ကမ္ဘာ´ ဟာ ခင်ဗျားတို့ ကျနော်တို့ရဲ့ကမ္ဘာလား ဒါမှမဟုတ် တခြားကမ္ဘာတစ်ခုလား။

`မြက်ပင်ကလေးတွေရှိတဲ့ကမ္ဘာ´ ဟာ စိမ်းစိုနုသစ်ခြင်းရဲ့သင်္ကေတ၊ ငြိမ်းချမ်းခြင်းရဲ့နမိတ်ပုံ၊ ရင်ခုန်သံတွေရဲ့မြေနုကျွန်း ချစ်မေတ္တာဟာ ကမ္ဘာကို ပိုကောင်းစေနိုင်မယ့်အကြောင်းအရာတွေထဲက တစ်ခုအပါအ၀င်ပဲမဟုတ်လား။ အထိတ်တလန့် အဖြစ်အပျက်တွေနဲ့ ခြောက်ခြားစရာ အကြောင်းကိစ္စတွေနဲ့လူ့အဖြစ်ရဲ့ရှင်သန်မှုဟာ သွေးပျက်ဖွယ်၊ အားငယ်ဖွယ်၊ တုန် လှုပ်ဖွယ်။ ချစ်သူကိုကြည့်တဲ့မျက်လုံးမျိုးနဲ့ ပတ်ဝန်းကျင်ကိုဆေးခြယ်ဖို့ ဖြစ်နိုင်မလား။ အချစ်သီချင်းတွေ၊ အချစ်ကဗျာတွေ နဲ့ကြည်နူးရ၊ လွမ်းဆွေးရ လူတိုင်းဖြတ်သန်းဖူးတဲ့လမ်း။ လူတိုင်းခိုနားဖူးတဲ့ ဥယျာဉ်။`မြက်ပင်ကလေးရှိတဲ့ကမ္ဘာ´ ထဲ ချစ် ခြင်းအကြောင်းကို ခဏတဖြုတ်ပြောကြရအောင်။ စစ်ပွဲတွေ ခဏရပ်၊ ငိုသံတွေ ခဏရပ်၊ အာဃာတတွေ ခဏရပ်။

ချစ်မေတ္တာရဲ့ ပေါင်းစည်းခြင်းသဘောတရားမှာ ငြိမ်းချမ်းရေးအငွေ့လေးတွေ မပါဝင်နိုင်ဘူး။ ငြင်းဆန်နိုင်ဖို့ လွယ်ကူမယ်မ ထင်ပါဘူး။ ကဗျာချစ်သူ၊ ကမ္ဘာချစ်သူအပေါင်းတို့`မြက်ပင်ကလေးတွေရှိတဲ့ကမ္ဘာ´ ထဲ စီးမျှောလိုက်ကြပါစို့။

`မြက်ပင်ကလေးတွေရှိတဲ့ကမ္ဘာ´

အချစ်ကဗျာများ
နေညိုအောင်
လင်းသက်ငြိမ်
အီပန်း (နောင်ပိုအောင်)

ထုတ်ဝေသည့်ကာလ – ၂၀၁၇၊ ဖေဖော်ဝါရီ
အကြိမ် – ပထမအကြိမ်
မျက်နှာဖုံးနှင့်အတွင်းဒီဇိုင်း – မြင့်လွင်ဦး ( ၀၉၄၀၀၃၀၁၂၃၂)
ထုတ်ဝေသူ- ဦးစိုးမင်းအောင် (၀၀၁၈၇)၊ ချန့်ချန် စာပေ
အမှတ် ၂၇၊ ၁၇ လမ်း ၊လသာမြို့နယ်၊ရန်ကုန်။

ပုံနှိပ် – နန်းသဇင် (၀၀၄၄၁)
အမှတ် ၁၉၄၊ ၃၉ လမ်း
ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
အုပ်ရေ – ၅၀၀
ရောင်းဈေး – ၁၅၀၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts