Ni July ကဗျာ

နီဇူလိုင် – “ငြိမ်းချမ်းရေး”

နီဇူလိုင် – “ငြိမ်းချမ်းရေး”
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၇

ရေပါတာပဲလိုချင်ခဲ့တဲ့နေ့တွေမှာ
ရေဘူးပေါက်ကြီးတွေနဲ့ပဲ
ခပ်.. ခပ်နေခဲ့ကြရတော့
သူ့ခမျာ
ခေတ်နဲ့ချီ… ခမ်းခြောက်ခဲ့..။

အခုအထိ
အိတ်ပေါက်ကြီးထဲပဲ ..
ကောက်.. ကောက်ထည့်ခံနေရတော့
ထွက်.. ထွက်ကျ
ဒလိမ့် ခေါက်ကွေး..။
သူ့ခမျာ …
ခေတ်နဲ့ချီ.. အဖတ်ဆယ်မရသေး. . . ။     ။.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts