ကဗျာ ခင်လွန်း

ခင်လွန်း ● သူပုန်အချစ်

ခင်လွန်း ● သူပုန်အချစ်
(မိုးမခ) ဇန်နဝါရီ ၂၀၊ ၂၀၁၇

ပျော်နေရအောင်
ပန်းတွေကလဲ နေ့တိုင်းမပွင့်ဘူးကွာ
လွမ်းနေရအောင်လဲ
ကြယ်တွေ နေ့တိုင်းမကြွေဘူးကွာ
ဒီကြားထဲငါဟာ သူပုန်ဖြစ်ခဲ့တော့
လူတိုင်းထက် ချစ်တတ်သွားတော့တာပါပဲ
မင်းသိပ်နားလည်မှာမဟုတ်ဘူး
ဘာမှသိပ်နားမလည်တတ်တဲ့လူတွေအတွက်
ငါတို့က ပိုချစ်တတ် ပိုခံစားတတ်တော့
သူပုန်ဖြစ်သွားရောကွာ
ဒါပေမဲ့ လက်နက်အားကိုးတဲ့သူပုန်တော့မဟုတ်ရပါကွာ
နှလုံးရည်နဲ့တိုက်နေတဲ့သူပုန်ကွ
ဟေ့ ဒါ ကဗျာမဟုတ်ဘူး
မင်းတို့ခေတ်မှာ
ငါ ကဗျာကို မရေးတတ်တော့ဘူးကောင်ကလေးရေ

လွန်း
၁၁:၁၅
၁၈၁၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts