Myanmar’s State Counsellor Aung San Suu Kyi speaks during Karen New Year celebrations in Naypyidaw on December 29, 2016. / AFP / AUNG |
ဗိုလ်ထက်မင်း – စိန်ခေါ်မှုတွေ ကျော်လွှားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခွန်အားပေးဝိုင်းရံကြစို့ – ၎
(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၇
၂၆။ တပ်မတော်နဲ့သာ ပြန်လည်သင့်မြတ်ရေးကို ဒေါ်အောင်ဆန်းစုကြည်လုပ်ပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနဲ့ တိုင်းရင်သားပါတီခေါင်းဆောင်များကို ထိတွေဆက်ဆံမှု နည်းတယ်ဆိုပြီး ဝေဖန်ချက်ထွက်ပေါ်နေပါတယ်။ ထိတွေ့ဆက်ဆံမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘာလို့ မတွေ့နိုင်သေးတာလဲဆိုတာ အဖြေထုတ်ကြည့်ပါ့မယ်။ ဒီအဖြေဟာ ကာယကံရှင် မဟုတ်တဲ့အတွက် ကွဲလွဲမှူရှိနိင်သော်လည်း ပုထုဇဉ်သဘာဝနဲ့ ရိုးရိုးလေး စဉ်းစားကြည့်ကြရအောင်ပါ။
၂၇။ ဒေါ်အောင်ဆန်းစုကြည်က ဇန်နာဝါရီလ ၁ရက်နေ့ NRPC ဖွင့်ပွဲမှာ ပြောသွားတာကတော့ –
“တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ ဖြူစင်သန့်ရှင်းတဲ့စိတ်ထားတွေ မထားဘဲနဲ့တော့ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာ မရနိုင်ပါဘူး။ ခိုင်မြဲတဲ့ငြိမ်းချမ်းရေးကိုလည်း ကျွန်မတို့ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ဆိုသွားပါတယ်။
၃၀။ ဒီလိုဒေါ်အောင်ဆန်းစုကြည် ပြောနေတာဟာ ဘယ်သူတွေကို ရည်ရွယ်ပြီးပြောနေတာလဲ။ တပ်မတော်
ခေါင်းဆောင်တွေကို ရည်ရွယ်တာလား ?၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေလား? ကာယကံရှင်တွေကတော့ သိမှာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖိတ်တုံး လာကြတဲ့ UNFC ခေါင်းဆောင်တွေဟာ တပ်ချုပ်ကို ဘာလို့မတွေ့နိုင်ရတာ
လဲဆိုတာ အဲဒီတိုက်တွန်းနေသူတွေကို မေးလိုပါတယ်။
၃၂။ ဒါပေမဲ့ ၂၁ရာစုပင်လုံညီလာခံဖွင့်ပွဲကို သူတို့တွေအား နိုင်ငံရေးစမ်းသပ်ရာ ကွင်းပြင်အဖြစ် စင်မြင့်မှာ
ပြည်သူလူထုဟာ မျက်မြင်သက်သေဆိုတာ အဲဒီတိုက်တွန်းနေသူတွေ အမှတ်တရ ဖြစ်စေချင်ပါတယ်။
၃၃။ မည်သို့ဆိုစေကာမူ ဆရာမောင်မောင်စိုးရဲ့ဆောင်းပါးပါ အလွတ်သဘောတွေ့ဆုံဆွေးနွေးတာမျိုးကို စာရေးသူ ထောက်ခံသလို ဘေးပယောဂဝင်နိုင်လို့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးမှူ လုပ်တာမျိုး၊ အထူးသံတမန်
လိုမျိုး၊ ဒေသဖွံဖြိုးရေး ပံ့ပိုးပေးတာမျိုးလုပ်သင့်ပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ဖေ့ဘုတ်မှာ ဖေါ်ပြခဲ့တဲ့စာအရ ဒေါ်အောင်ဆန်းစုကြည်ကို KIA က တိုက်ရိုက်တွေ့ခွင့် တောင်းတာမျိုးကိုတော့ လျှို့ဝှက်တွေ့ဆုံဆွေးနွေးတာမျိုး လက်ခံသင့်ပါတယ်။ တိုက်ပွဲကြောင့်နှစ်ဖက် ရှိန်နေချိန်မှာ NRPC ရုံးက လူဟောင်းတွေဟာ “အထက်လူကြီးထံ ခွင့်တောင်းပြီး” သံတမန်သဘော Personal ဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်တွေဆီ စိပ်စိပ်သွားသင့်ပါတယ်။
ဒီအချိန်မှာ တိုးတက်လာတာနဲ့ မိမိလိုလားချက်ကို အလွတ်သဘောတီးခေါက်ခြင်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို နှစ်ဦးနှစ်ဖက် တင်ရပါမယ်။ ဒါအပြင် ဘာသာရေးခေါင်းဆောင်များ ၊နှစ်ဖက် ယုံကြည်လေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေကို ကြားခံထားကာ နှစ်ဦးနှစ်ဖက်စေလွှတ်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှု တိုးပွါးစေပါမယ်။ ကရင်ပြည်နယ်နေ့ အခမ်းအနားလိုမျိုး တိုငိ်းရင်းသားများရဲ့ နေ့ထူးနေ့မြတ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းဖြင့် ယုံကြည်မှု ခိုင်မြဲသွားစေပါတယ်။ အားကောင်းနေတဲ့ လူထုလူတန်းစားအဖွဲ့အစည်းတွေက ကြားခံလုပ်ပြီး ဆွေးနွေးပွဲ၊ workshopတွေ၊(ဘာသာရေးလို) အခမ်းအနားတွေ လုပ်တဲ့အခါ နှစ်ဖက်ထိပ်သီးတွေကို မရမက ဖိတ်ကြားဆွဲခေါ် တက်ခိုင်းခြင်းဖြင့် တွေ့ဆုံမှု ဖန်တီးပေးသင့် ပါတယ်။
၃၄။ နိဂုံးချုပ်အနေနဲ့ မီဒီယာတချို့ပြောသလို ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါလည်း ကျမသွားပါ၊ အတိုက်အခံများလေ ပိုပြီး အရောင်တင်ပေးလေ ဖြစ်သွားပါလိမ့်မယ်။ ဒေါ်စုအခက် အမျိုးသားရေးပါတီတွေက အချက် ဆိုကာ (ကာ/လုံ)အစည်းအဝေးခေါ်ဖို့ မူလီကြပ်ခဲ့ပါတယ်။ အမျိုးသားအစွန်းရောက်တွေက ပြည်တွင်းစစ်မီးကို အကြောင်းပြပြီး တပ်မတော်ကို သူတို့ဘက် ဆွဲဆောင် စည်းရုံးဖို့ လုပ်ကြတာတွေ တွေ့ရပါတယ်။ ရခိုင်မောင်းတော အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်ဟာ ဆက်တိုက် ဆိုသလို ပြင်းထန်လာပြီး နိုင်ငံတကာနဲ့ အာဆီယံ အထူးသဖြင် မလေးရှားနိုင်ငံတို့က ပါဝင် ရှုပ်ထွးလာကာ အကျပ်အတည်းဖြစ်နေပါတယ်။ ရခိုင်ကိစ္စကြောင့် ဒေါ်အောင်ဆန်းစုကြည် အမည်ထပ်တက်နေပြီး ဒီလောက်ဖိအားများနေတာတောင် နိုင်ငံတကာက နားလည်ခွှင့်လွှတ်ပေးတဲ့ Power အစွမ်းကို မြင်တွေ့ရပါတယ်။ အင်မတန်မှ အားကြီးတဲ့ ဘင်္ဂလီပြသနာကိုတောင် မကြောက်ပါလို့ ရဲရဲဝံ့ဝံ့ ပြောလိုက်တဲ့သတ္တိ စံနမူနာဖြစ်ပါတယ်။ နိုဘယ်ဆုရသူပီပီ မြန်မာနိုင်ငံမှာ အခုချိန်ထိ ငြိမ်းချမ်းရေးမရနိုင်ခဲ့တဲ့ အကြောင်းရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ငြိမ်းချမ်းရေးကို အခြေခံတဲ့ မေတ္တာတရား(ဘာသာရေး) နဲ့ ဆက်စပ်ကာ လောကမှာ အားအကြီးဆုံးဖြစ်တဲ့ ခွင့်လွှတ်နိုင်စွမ်းကို တွေ့ရမှာ ဖြစ်ပါတယ်။
“လောဘနဲ့ ဒေါသကို အောင်နိုင် နိုင်မယ်ဆိုလို့ရှိရင် ကျွန်မတို့ နိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး မရှိစရာအကြောင်း ဘာမှမရှိပါဘူး။ အဓိက ဒီနှစ်ခုပါဘဲ။ လောဘ ကိုယ့်အတွက် ကိုယ်လိုချင်တဲ့ စိတ်၊ ဒေါသ ဟိုဘက်ကို မလိုလားတဲ့စိတ်၊ မုန်းတီးတဲ့စိတ်၊ ဟိုဘက်ကို ကျောချင်တဲ့စိတ် ဒီစိတ် နှစ်ခုကြောင့် ကျွန်မတို့ နိုင်ငံမှာ ငြိမ်းချမ်းရေး မရခဲ့တာ ဖြစ်ပါတယ်။ ဒီစိတ်နှစ်ခုသာ ပျောက်ကွယ် သွားမယ်ဆိုရင်၊ လုံးဝပျောက်ကွယ်သွားခြင်း မဟုတ်ဘဲ အများကြီးလျော့ကျ သွားမယ်ဆိုရင် ကျွန်မတို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေဟာ အောင်မြင်မယ်ဆိုတာ ကျွန်မလုံးဝ ယုံကြည်ပါတယ်။”
၃၅။ ဒီလို မေတ္တာထား ခွှင့်လွှတ်နိုင်စွမ်း၊ ကျင့်ကြံနိုင်စွမ်းရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ အလိုလိုအားဖြည့်လာတာကတော့ သနားကရုဏာ သက်နေတဲ့ ပြည်သူလူထုနဲ့ တပ်မတော်က အပြည့်အဝထောက်ခံ ပေးနေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စာရေးသူ တိုက်တွန်းချင်တာက ဒီလိုအရေးကြီးချိန် သွေးနီးဖိုလိုကာ ရဲဘော်ရဲဘက်စိတ်နဲ့ ဝိုင်းရံပေးရမှာ ဖြစ်တယ်။ ဒါကြောင့် အပြစ်မဲ့တဲ့ ဒေသခံတွေတွေကို စတေးနေမယ့်အစား၊ တပ်သားလေးတွေကို နယ်ရုပ်လေးတွေကို လိုရာအသုံးနေမယ့်အစား NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များအနေနဲ့ ပွင့်လင်းဖြောင့်မတ်မှန်ကန်စွာ ဖြူစင်စင်စိတ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်ဆိုရင်၊ ငြိမ်းချမ်းရေးကို တကယ်မြတ်နိုးတယ်ဆိုရင်၊ လူထုမျက်နှာ ထောက်ထားမယ်ဆိုရင်၊ တပ်မတော်က စ တိုက်နေတယ်ဆိုလို့ ဖိဖိစီးစီး တပ်ချုပ်ကို ကိုင်တွယ်စေချင်တယ် ဆိုရင်၊ NCA ဒုတိယအကြိမ် ၂၁ပင်လုံညီလာခံမှာ ပူးပေါင်းပါဝင်လိုက်ပါက မည်သည့် အင်အားကြီးနိုင်ငံမဆို ကြောက်ဖို့ မလိုတော့တဲ့ အင်အားအကြီးမားဆုံး စည်းလုံးခြင်းရဲ့အင်အားစုကြီးတစ်ရပ် ပေါ်ထွက်လာမှာ ဧကန်မလွှဲဖြစ်ပါတယ်။