ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – အမေ


ကျော်ဟုန်း – အမေ

(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၇

အခန်းကျဉ်းလေးထဲနေပြီး
ကမ္ဘာကြီးကို
ပုခက်ထဲ
ထည့်လွှဲခဲ့သူ။

၂၃ ၁/၂ ယိုင်နေတဲ့
ကမ္ဘာကြီးကို
မေတ္တာစေး ဆွဲအားနဲ့ 
တည်တံ့စေသူ။

“သင် ဘယ်လို ဘာသာပြန်ချင်ပါသလဲ”

အမေ
အမိုး
မာတာ
မာမား
မာမီ
မမ်
မား
မဲ့ …။

အခြား အခြား
အသွယ်သွယ်နဲ့ 
ကြိုက်သလို ဘာသာပြန်
အဖြေဟာ တခုတည်း။ ။

ကျော်ဟုန်း
( မြန်မာ့အမေများ၊ ကမ္ဘာ့အမေများအားလုံးသို့ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts