ကဗျာ

အခရာ ● ညမှားစီးတဲ့ ရထား

အခရာ ● ညမှားစီးတဲ့ ရထား
(မိုးမခ) ဇန်နဝါရီ ၈၊ ၂၀၁၇

ပွင့်ဖတ်ခြုံ အိပ်ခွင့်မရတဲ့ရိုးတံလေးလို
ဆောင်းညရဲ့အဆစ်မြစ်တွေထဲ ခံနိုင်ရည်မဲ့နေခဲ့။

ထွေးပွေ့လာတဲ့ လေညင်းမှာ
ခဲနေတဲ့မျက်ရည်ကို ခြစ်ချ။

ကြွေကျသွားတဲ့တိမ်တွေက အဖြူရောင်။
လဟာ ညရဲ့ထွက်ပေါက်။
အမှောင်ခြင်းထဲက အလင်းတစက်။

စိတ်ဆောင်နတ်သမီးတပါးရဲ့
အလင်းပြတင်းမှာ ဈာန်ဝင်စားချိန်တွေ။
အိပ်မပျော်တဲ့ အိပ်မက်တွေမြဲမြံလွန်းပေါ့။

မနက်မိုးလင်းဖို့အရေး
တညလုံး မှားစီးပြန်ခဲ့တယ်။

အခရာ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts