ကဗျာ

နရီမင်း ● ဘူနှစ် သို့မဟုတ် ၂၀၁၇

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

နရီမင်း ● ဘူနှစ် သို့မဟုတ် ၂၀၁၇
(မိုးမခ) ဇန်နဝါရီ ၃၊ ၂၀၁၇

နှစ်ဟောင်းက
ဖောက်ထွင်းဝိဇ္ဇာတစ်ယောက်လို
ငါတို့ ပိုင်သမျှအရာရာကို ခိုးယူပြီး
တိတ်တဆိတ် ထွက်ခွာသွားတယ်။
ဘိုးစဉ်ဘောင်ဆက်အမွေဖြစ်တဲ့
ရှိစုမဲ့စု ဂုဏ်သိက္ခာလေးတောင်
မကျန်ဘူး။

အခု နှစ်သစ်ဟာ
လူသတ်သမားရဲ့ခြေလှမ်းတွေနဲ့
ချဉ်းကပ်လာနေပြီ။

ကိုယ့်အသက်ကိုယ်
ဖက်နဲ့ထုပ်ထားရတဲ့အခါ
ဘယ်သူ့အတွက်မှ
စဉ်းစားချိန်မရှိဘူး။

ဂုဏ်သိက္ခာနဲ့ လဲလှယ်ခဲ့ရတဲ့ အသက်က
မတရားတန်ဖိုးကြီးတယ်။

“အသက်မသေချင်ရင်
ခင်ဗျားတို့ပါးစပ်တွေ
ပိတ်ထားကြ”

နရီမင်း
၁- ၁- ၂၀၁၇

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts