ကဗျာ

တည်ဘွားဦး ● သမီးကို ပုံပြင်ပြောပြီးနောက်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

တည်ဘွားဦး ● သမီးကို ပုံပြင်ပြောပြီးနောက်
(မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၆

အဲဒီ ကျားကြီးက
တောထဲ ဝင်သွားတယ် ဆိုပါတော့
ကျားကြီး တောထဲဝင်သွားမှ ဘာဖြစ်လို့
သစ်တွေဝါးတွေ မျိုတုန်းကုန်ရတာတုန်းတဲ့။

ဒါဆို
ကန်းချင်ယောင်ဆောင်ပြီး
တောထဲဝင်သွားတဲ့ဆင်ကြီးကျတော့ ဘာဖြစ်လို့
စိန် ရွှေ ရတနာတွေနဲ့ တွေ့ရတာတုန်းတဲ့။

သမီးလေးက မေးလာပါတယ်
သမီးရယ်
ပုံပြင်က ပြီးသွားပြီလေ
အိပ်တော့နော်
သမီးချစ်တဲ့ ယုန်ကလေးကို
ဖေဖေယုံကြည်တယ် အိပ်တော့ အိပ်တော့
အပြင်မှာ တောခွေးတွေ လာတော့မယ် ။ ။

တည်ဘွားဦး
၃၁ ၁၂ ၁၆
၉: ၁၂ (pm)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts