ကဗျာ

စိုးဝင်းငြိမ်း ● တို့ ဆရာဂျမ်း


စိုးဝင်းငြိမ်း ● တို့ ဆရာဂျမ်း
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၆

သူလည်းလွမ်း
ကိုယ်လည်းလွမ်း
သူသူငါငါ လွမ်း…

လွမ်းကြလွန်းလို့
ဂျမ်း ပြန်လာ
ဝမ်းနည်းဝမ်းသာ
မျက်ရည်ဖြာ
စမ်းရေပမာ
အေးစေရာ
ငြိမ်းချမ်းရေးငှက်
တွန်ကျူးကာ
တို့ပြည်မြန်မာ
ငြိမ်းသာယာ…

ဆရာတင်မိုး သို့ …

စိုးဝင်းငြိမ်း
13:39
25th Dec 2016


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts