ကဗျာ

နီဂျူလိုင် ● ဆရာဂျမ်း

နီဂျူလိုင် ● ဆရာဂျမ်း
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၆

ကဗျာကြယ်တစ်ပွင့်
ခရီးရှည်တစ်ခု ရွက်လွှင့်သွားတယ်။

ဒေါနတောင်ခြေကနေ
လွမ်းတဝေေ၀နဲ့
မှန်းဆနေဖို့လည်း မလိုတော့ဘူး..။

ဟိုးမှာ..ရွှေတိဂုံလို့ ..
အဝေးက…တမ်း၊
ရည်မှန်းဖူးမျှော်စရာလည်း မလိုတော့ဘူး..။

သူချစ်တဲ့မြေမှာ
သူ့ဝိညာဉ်လိပ်ပြာကို
ဘယ်မကောင်းဆိုးဝါးမှ မတားဆီးနိုင်တော့ဘူး..။

ပြည်ရွာအနှံ့…ခြေဆန့်ပါလေ..။

သူ့သားသမီးတွေက
သူ့ မြေးမောင်နှမတွေကို
သူ့တေးတွေဆိုပြီး..ချော့သိပ်လို့..။

သူ့တေးတွေထဲက
သူ့ရဲ့ မေတ္တာ၊ သူ့ရဲ့သစ္စာ
ရိုးသားမှုနဲ့သတ္တိ
သူ့မြေးမြစ်တွေရဲ့  ရိုးတွင်းခြင်ဆီထိ။

သူ..ပြုံးပြီးကြည့်နေမှာ
မြင်ယောင်ပါတယ်..။ ။

၂၃.၁.၂၀၀၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts