ကဗျာ

ကမ်လူဝေး ● ဆေးရုံ (၁၀)

ကမ်လူဝေး ● ဆေးရုံ (၁၀)
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၆

စိုးရိမ်ရလား
စိတ်ပူရလား
မေးတယ် ခဏ ခဏ။

ဆေးသောက်ရဲ့လား
သောက်ပါတယ်
ဆေးအားလုံး ပြည့်စုံရဲ့လား
အင်း အဲ
ဆေးပြင်းမှာစိုးလို့
တချို့ကို ဖယ်ထားတယ်။

လူတွေက
မတော်တဲ့အင်္ကျီကို ဝတ်တယ်
မနိုင်မည့်ကျောက်တုံးကို မ တယ်။

အင်္ကျီ မတော်တော့
နေရကျပ်တယ်
ကျောက်တုံးမနိုင်တော့
ခြေမနာမယ်။

ရောဂါမသက်သာဘူး
စိုးရိမ်ရလား
စိတ်ပူရလား
မေးတယ် ခဏ ခဏ။

သောက်စရာဆေးက
ခုတင်ဘေး ဘီဒိုပေါ်
စီရီ လှလှပပ။ ။

ကမ်လူဝေး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts