ကဗျာ

နေပန်ဦး ● ဓာတ်ပြားဟောင်း

 နေပန်ဦး ● ဓာတ်ပြားဟောင်း
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၆

မမှားဘူးလို့ မှားကြည့်ပေါင်းများခဲ့တဲ့ဘဝ
ငါ့စိတ်ငါ လှန်ထောင်းပစ်လို့ရရင်အကောင်းသား။

အညွှန်းတွေအတိုင်း လျှောက်မိတဲ့လမ်းပေါ်
အမြဲတန်းစွဲစားနေရတဲ့ ဒုက္ခတွေ
မျှော်လင့်ချက်တာတောင် ခါထုတ်ပစ်လိုက်ချင်တယ်
တနေ့လာလည်း ဒီဘဝ ဒီစိတ် ဒီအဖြစ်တွေ
တနှစ်လာလည်း ဒီဘဝ ဒီစိတ် ဒီအဖြစ်တွေ
ကောက်ရိုးမလောက် မြက်မလောက်နဲ့
အဝိဇ္ဇာတရားဆိုလည်း အလွတ်ရနေပြီ။

လူဆိုတော့လူလိုသိပါရဲ့
အသက်ကလေးရလာ ဟန်ဆောင်တတ်လာ
အမောလည်းဖောက်ချင်လာပေမယ့်
အရက်သောက်ထားတော့ အရက်နံ့မရသလို
ငါ့အလိုချည်းတွေးမိတာဆန်းလား။

လေထဲမှာရှိတာမှန်သမျှ
လောကဟာမမြဲမှန်းသိသိချည်းနဲ့
အသက်တချောင်းအလိုလိုက်ခဲ့တယ်။

ရှင်မှုမှာလည်း ငရဲရှိတယ် နိဗ္ဗာန်ရှိတယ်
မီးသတ်စင်တွေလို မီးခိုးကိုအနံ့ခံသတင်းပေးတာမျိုး
ရထားတဲ့သံဝေဂတောင် အားနာလှပါပြီ။

နေပန်ဦး

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts