ကဗျာ

စိုးခိုင်ညိန်း ● ငြိမ်းချမ်းရေး

စိုးခိုင်ညိန်း ● ငြိမ်းချမ်းရေး
(မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၆

ငတ်မွတ်မိတယ်၊ တောင့်တမိတယ်
အနည်းဆုံး စက္ကန့်ဝက်လောက်လေးဖြစ်ဖြစ်
ဝေ့ကြည့်လိုက်တဲ့ မျက်စောင်းလေးတချက်ဖြစ်ဖြစ်
အဆက်အသွယ်က
မီးတောက်တွေလို ပူလောင်ပြတ်ကျ
အသံက သံတချောင်းလိုစူးဝင်
ကိုယ်အကြည့်က
မြေသားပေါ်မှာ သွေးထွက်စေသလား
လမ်းဘေးက ပိုင်ရှင်မဲ့ ပန်းကလေးတပွင့်ကို
ချစ်လိုက်မိတာ အပြစ်ရှိသလား
ကိုယ့်လက်နဲ့ ထိလိုက်လို့ ကြွေကျသွားတာလား
ကမ္ဘာမြေဆီ အမှိုက်တစလို
ကိုယ်ဟာ လွင့်မကျခဲ့ဖို့ကောင်းတယ်
လွင့်ဝဲနေတဲ့ မြူမှုန်လေးရဲ့တိုးဝှေ့မှုမှာ
ထိခိုက် ဒဏ်ရာရ နူးညံ့နေတဲ့ ဒီကောင့်အပေါ်
စစ်ပွဲတွေ အားလုံးကို လောင်းချလိုက်ပါ
ကိုယ့်အတွက်နဲ့ ကမ္ဘာမြေ ငြိမ်းချမ်းပါစေတော့။ ။

စိုးခိုင်ညိန်း
၇၊ ၁၂၊ ၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts