ရန်ကုန်တက္ကသိုလ်(ပင်မ) ကျောင်းဝင်းထဲမှာ ကျောင်သားလှုပ်ရှားမှု အထိမ်းအမှတ်ကို ကျင်းပ

December 5, 2016
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

ရန်ကုန်တက္ကသိုလ်(ပင်မ) ကျောင်းဝင်းထဲမှာ ကျောင်သားလှုပ်ရှားမှု အထိမ်းအမှတ်ကို ကျင်းပ

(ဌေးအောင်၊ မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၆

၁၉၉၆ ကျောင်းသားလှုပ်ရှားမှု နှစ်(၂၀)ပြည့် အခမ်းအနားကို ယနေ့ (၄.၁၂.၂၀၁၆) နံနက် (၉) နာရီမှ စတင်ကာ ရန်ကုန်တက္ကသိုလ်(ပင်မ) RC တွင် စတင်ကျင်းခဲ့ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် အဖွဲ့ အစည်းအသီးသီးမှ တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ စုစုပေါင်း ၄၀၀ကျော်တက်ရောက်ခဲ့သည် ။

သာမန်အခမ်းအနားပုံစံမျိုးမဟုတ်ပဲ ၁၉၉၆ ဒီဇင်ဘာလမတိုင်ခင် အခြေအနေများနှင့် ကျောင်းသားဆန္ဒပြပွဲဖြစ်ပွားပုံတို့ ကို သီချင်းများ၊ သရုပ်ဖော်ခြင်းများ၊ တွေ့ ဆုံမေးမြန်းခြင်း အစီအစဉ်များ၊ ဗီဒီယိုမှတ်တမ်းများ စသည့် ထူးခြားသည့်အစီအစဉ်များဖြင့် နေ့ လည်(၃)နာရီအထိ ကျင်းပသွားခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ-ဌေးအောင်

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓာတ်ပုံသတင်း, ဌေးအောင် (မိုးမခ)

Comments are closed.

Archives