စာအုပ်စင်

A Wonderland of Pagoda Legends by Khin Myo Chit

A Wonderland of Pagoda Legends by Khin Myo Chit
ဘုရားသမိုင်း ဒဏ္ဍာရီများ (ဘာသာပြန်) ၊ ဒေါက်တာခင်မောင်ဝင်း ၊တက္ကသိုလ်ရွှေရီဝင်း
(မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၊ ၂၀၁၆

လောကသစ်စာပေ
အမှတ် ၇ သုဝဏ္ဏလမ်း၊ ကျိုက္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ်
ဖုန်း – ၂၅၁၃၅၉ ၊ ၄၀၁၃၈၇။
အဖုံးဒီဇိုင်း – ၀င်းအဇ္ဇန
အတွင်းပုံများ- ကျော်ဖြူစံ၊ ဖေညွန့်ဝေ၊ ဗဂျီလင်းဝဏ္ဏ
ပထမအကြိမ် ၂၀၁၆ အောက်တိုဘာ
အုပ်ရေ – ၇၀၀
တန်ဖိုး – ၅၀၀၀ ကျပ်
စာမျက်နှာ – ၆၁၈

English For All မဂ္ဂဇင်းတွင် ၂၀၀၀ ခုနှစ်မှ ၂၀၀၆ ခုနှစ်တိုင် လစဉ် ဘာသာပြန်ဖော်ပြခဲ့သည်များကို စုစည်းထုတ်ဝေခြင်း ဖြစ်သည်။ ထိုစဉ်က စကားလုံးအဓိပ္ဗါယ်သတ်မှတ်ချက်များ ကို ရှင်းပြထားသည်များအတိုင်း ပြန်လည် တွေ့မြင်ကြရပါမည်။ အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် အဖိုးတန်စာအုပ်တစ်အုပ် ဖြစ်သည်။ ဒေါ်ခင်မျိုးချစ် ရေးသားခဲ့သော A Wonderland of Pagoda Legends (A Wonderland of Burmese Legends) စာအုပ်ကို ဘာသာပြန်ထားတာ ဖြစ်သည်။


ဘုရားသမိုင်းများဖြစ်သော မယ်လမုဘုရား၊ ရွှေတိဂုံဘုရား၊ ပဲခူး၊ မန္တလေး၊ ပြည် ၊ သရေခေတ္တရာ၊ စစ်ကိုင်းတောင်၊ ပုပ္ဗါးတောင်၊ ကျိုက်ထီးရိုး သမိုင်း ဒဏ္ဍာရီ အကြောင်းများ ပါဝင်ထားသည်။ မြန်မာပြည်ဒေသအရပ်ရပ်ရှိ တောတောင်ရေမြေ မြစ်ချောင်းအင်းအိုင် တို့တွင် ပုံပြင်ဒဏ္ဍာရီများ ပေါကြွယ်ဝလှသည်။ အထောက်အထား အတိအကျမလို၊ အခြေအမြစ်ရှိစရာမလို ဟုဆိုသည်။ သို့သော် ဒဏ္ဍာရီများကား တိုင်းပြည်၏ ရတနာတပါး ပင်ဖြစ်သည်။ ဒဏ္ဍာရီဟူသည် တိုင်းပြည်၏ တောတောင်ရေမြေကို တန်ဆာဆင်လျက်ရှိသည်။ စေတီပုထိုးဆိုတာ အာရှနိုင်ငံတွေမှာ အထူးသဖြင့် သည် မြန်မာပြည်မှာ လက်ညိုးထိုးမလွဲအောင် ပေါများလှသည်။ သည်ဘုရားသမိုင်း ဒဏ္ဍာရီတွေများကား သမိုင်းမှတ်တမ်းတွေ ပျောက်ကွယ်သွားသောလည်း တည်တံ့ကျန်နေခဲ့ပေတော့မည်။ သည်လို ဒဏ္ဍာရီတွေကို ထိမ်းသိမ်းထားခြင်းသည် တိုင်းပြည်၏ ရတနာတပါးကို တန်ဖိုးထား ထိန်းသိမ်းခြင်း ဖြစ်သည်။ ကလေးတွေအတွက်ချည်းမဟုတ် လူကြီးတွေအတွက်လည်း အဖိုးတန်ပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts