ကဗျာ

ငမိုဃ်း ● ဆီးရီးယား

ငမိုဃ်း ● ဆီးရီးယား
(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၆

အုတ်ခဲအကျိုးအပဲ့တွေက
မြို့လယ်လမ်းမပေါ်မှာ

မြို့လယ်လမ်းမပေါ်မှာ
တုံးလုံးလဲနေတဲ့ အနက်ရောင်စန္ဒရားတလုံး

အနက်ရောင် စန္ဒရားတလုံးဘေးမှာ
ဖိနစ်စီးလျက်သား ခြေထောက်တဖက်

ဖိနစ်စီးလျက်သား ခြေထောက်တဖက်ဘေးမှာ
ခွေးတစ်ကောင်က မိန်းမအသေရဲ့ရင်သားကို
ကိုက်ဆွဲဝါးမြိုလို့

ညကမြို့ပေါ်ဖြတ်ပျံသွားသော
လေယာဉ်တွေရဲ့ အသံဟာ
ခုထိပဲ့တင်ထပ်တုန်ခါနေသလိုလို။ ။

ငမိုဃ်း
၂၂၊ ၁၁၊ ၂၀၁၆

illustration George Butler


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts