ရိုးခက် ● စစ်ဘေးသင့် ကလေးငယ်

ရိုးခက် ● စစ်ဘေးသင့် ကလေးငယ်
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၆

သတ်ပုံမှားနေတဲ့စိတ်က
အနားသတ်မရှိတော့
အတွေးဟာ ပြောင်းပြန်စီးတယ်
မိုးက တစိမ့်စိမ့်ရွာတယ်
ဟိုအဝေးက လမ်းဟာ
မဖြောင့်တန်းဘူး
တက်ခေါက်သံတွေက ဆူညံလို့
ဒုက္ခကို လွယ်ပိုးထားတဲ့ခေတ်ဟာ
အိုးကြီးအိုမကိုဖြစ်
မနိုင်ဝန်ထမ်းထားရတဲ့အခါ
ခေတ်ကို အပြစ်မတင်ပါနဲ့
စနစ်ကိုတော့ အပြစ်တင်ချင်တင်ပါ
ဝန်စည်စလှယ်တွေ
တနေ့တခြား နင့်လာတယ်
ရှေ့နွား ဖြောင့်ဖြောင့်မသွားတော့
နောက်က ပါချင်သလိုပါတာ
အပြစ်မပြောပါနဲ့
လမ်းတွေ ဖြောင့်တန်းဖို့
စနစ်တွေ ဖြောင့်တန်းဖို့လိုတယ်
နင့်လာတဲ့ ရင်အစုံဟာ
ခြေထောက်တဖက် ဖြတ်ခဲ့ရ
ကျွန်တော့်နားတွေ
ဘာသံမှမကြားခဲ့ရတော့
အလေးအပင်တွေ မ, ရတဲ့အခါ
ရှိနေတဲ့ လက်တဖက်နဲ့
မ, လို့မရတာတော့ သေချာတယ်
အဖေမသေးခင်က
လုပ်ပေးခဲ့တဲ့
သစ်ဂွ (ခွ) ချိုင်းထောက်ကလေး
ခု ကျွန်တော့်အရပ်ထက် တိုနေတယ်
အမေ ဘယ်ရောက်နေပြီလဲ
အမေမစားပဲ ချန်ထားခဲ့တဲ့
ထမင်းကြမ်းခဲလေး
ကျွန်တော်နောက်ဆုံး တွေ့ရတာ
ယမ်းနံ့တွေ သင်းလို့
လမ်းဟာ ဖြောင့်မလိုနဲ့
ကျွန်တော့်ရဲ့ယုံကြည့်မှုဟာ
ခုတော့ ……….
ငြိမ်းချမ်းရေးကို တောင်းတလို့   ။   ။

ရိုးခက်
၇. ၁၀. ၂၀၁၆