ဗိုလ်ထက်မင်း – တပ်မတော်ထဲ ဝင်ချင်စိတ် ဘာကြောင့် နည်းနေရတာလဲ ? အပိုင်း(၁)
၁။ တပ်မတော်ရဲ့တပ်ရင်းတပ်ဖွဲ့တွေဟာ W.E (War Establishment) ဖွဲ့စည်းပုံအရ သတ်မှတ်အင်အား မပြည့်ကြဘဲ (တချို့တပ်ရင်းတွေ ၁၀၀ အောက် ၈၀ ခန့်) အဆမတန် နည်းနေတာကြောင့် ခွဲထွက်လှူပ်ရှားရတဲ့ စစ်ဆင်ရေးအတွက်ဆိုရင် တပ်မှူးတွေ ခေါင်းခဲရတဲ့ ပြသနာကြုံတွေ့ရပါတယ်။ ရှေ့တန်းစစ်ဆင်ရေး ထွက်ခါနီးပြီဆိုရင် စစ်ထွက်အင်အားတင်ရပြီဆိုပါက ဆေးနား ၊ဆေးရုံ ၊ဆေးခန်းတွေရှိ မိမိစစ်သည်တွေကို လိုက်လံကြည့်ရှူ့ကာ ဇွတ်အတင်းခေါ်လာရတဲ့ သဘောရှိပါတယ်။ နောက်တန်းဌာနချုပ်တပ်ခွဲမှာ လိုအပ်နေတဲ့ မော်တော်ယဉ်၊ ရိက္ခာဂိုဒေါင်၊ လက်နက်တိုက်တာဝန်ခံ၊ တပ်ရင်းဂတ်ကင်း၊ စတာတွေမှာ ဆေးနိမ့်စစ်သည်တွေကို မသိမသာ ချန်ထားရစ်ခဲ့ရပါတယ်။
၂။ ဒါဆိုရင် စစ်တပ်ထဲကို လူငယ်တွေ အရင်က ဘာလို့ဝင်ချင်ကြလဲ၊အခုကြတော့ ဘာကြောင့် ဝင်ချင်စိတ် နည်းသွားရတာလဲ ဆိုတာ မဟာဗျူဟာကျကျ ခွဲခြမ်းစိတ်ဖျာ သုတေသန လုပ်ကြည့်မယ်ဆိုရင် အောက်ပါ အတိုင်း တွေ့ရပါတယ်-
(က) နိုင်ငံရေးအခင်းအကျင်းဖြစ်စဉ်ပေါ် မူတည်ပြီး ဆက်စပ် ဖြစ်လာတဲ့ စစ်ရေး အကျပ်အတည်းများထဲမှာ ပေါက်ဖွားလာတဲ့ မျိုးချစ်စိတ် ဂယက်ရိုက်မှု၊ လှုံ့ဆော်မှု တို့မှ ဝင်ချင်ကြသလို လူထုအုံကြွမှူများအပေါ် အင်အား အလွန်အကျွံသုံးခဲ့လို့ ပုံရိပ်ကျဆင်းမှု၊ ထောက်လှမ်းရေးတပ်ဖွဲ့များရဲ့ ဖိနှိပ်ညှင်းပန်းမှုကြောင့် ဝင်ချင်စိတ် နည်းတာလား?
(ခ) တပ်ရင်းတရင်းနဲ့တရင်း တပ်တည်ရေခံမြေခံကောင်းမွန်မှုနဲ့ ဦးပိုင်မှာ ထည့်ထားတဲ့ ငွေအနည်းအများ စတာတွေ အပေါ်မူတည်ပြီး ကွာဟချက်ကြီးမားမှူကြောင့်လား?
(ဂ) ထိပ်ပိုင်းစစ်အာဏာရှင်များရဲ့ဂတိကဝတ် ပျက်ယွင်းမှူ၊ ရာထူးတိုးမြှင့်ရေး မူဝါဒ တပြေးညီတည်း မကျင့်သုံးမှုနဲ့ မကြာခဏပြောင်းလဲနေမှု၊ တပည့်လက်သား နေရာပေးမှူ၊ DSA အပတ်စဉ်ခွဲခြားမှူကြောင့်လား?
(ဃ) ဒီမိုကရေစီခေတ်မှာ ထိပ်ပိုင်းရာထူးများမှာ ပိတ်ဆို့မှူဖြစ်လာနေရာ သတ်မှတ်သက်တမ်းအတွင်း ရာထူးတိုးဖို့ အလားအလာ မရှိပါက ပင်စင်ယူခိုင်းမှူကြောင့်လား?
(င) တပ်မတော်မှ ထွက်ပါက ဘဝ အာမခံချက်နည်းပါးမှူကြောင့် ဝင်ချင်စိတ်နည်းတာလား?
(စ) အဓမ္မ(လုပ်အားပေးခိုင်းစေမှုနဲ့ လူသစ်စုဆောင်းမှု)တို့ကြောင့် ဝင်ချင်စိတ်နည်းတာလား?
(ဆ) ပြင်ပအလုပ်အကိုင်ဝင်ငွေနဲ့ စစ်သည်လစာကွာခြားမှု ကြောင့် ဝင်ချင်စိတ်နည်းတာလား?
(ဇ) တပ်မတော်က ဘတ်ဂျတ် တိုးတောင်းနေတာဟာ နိုင်ငံ့လုံခြုံရေးအတွက် ပြည်ပမှ ဝယ်ယူဖြည့်တင်းနေတာ မှန်ပေမဲ့ Standard Army ဖြစ်ဖို့ အုပ်ချုပ်ထောက်ပံ့မှု တပ်မတော်သားတွေအတွက်ပြည့်စုံပြီလား?
ပြူးကုန်ကြပါတယ်။ တရုတ်ဖြူကျူးကျော်မှု တိုက်ပွဲမှာ လေသူရဲ ဗိုလ်ပီတာကျဆုံးမှုအပေါ် ပြည်သူလူထု ဂရုဏာသက်ခဲ့ရပါတယ်။ တရုတ်နီတပ်များဟာ ခွင့်ပေးလိုက်တယ် အကြောင်းပြပြီး ဗကပတွေဘက် ပါလာတာကြောင့် ကွမ်းလုံရက် ၄၀ ၊ စီစီတာဖန် တိုက်ပွဲတွေမှာ ပြည်သူလူထုဟာ ဆန်ရိက္ခာနဲ့ လူနာတွေကို စေတနာလုပ်အားပေး သယ်ပို့ပေးတဲ့ အထိ ထောက်ခံမှု ရေချိန်မြင့်တက်ကာ တပ်မတော်သားတွေကို ချစ်ခင်ခဲ့ကြပါတယ်။
၎။ ထိုင်းနဲ့ နယ်စပ်ပြသနာဖြစ်ချိန်မှာ လူထု အုတ်အော်သာင်းနင်းဖြစ်ပွားကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (UWSA ၊DKBA) ကပင် ပူးပေါင်းပါဝင်ဖို့ အဆိုပြုလာပါတယ်။ တပ်မ(၈၈) မကွေးတိုင်းမှာ ရွာအချို့ က လူငယ်များ အလုံးအရင်းနဲ့ စစ်တပ်ထဲဝင်ကြတဲ့ ဖြစ်စဉ်ရှိပါတယ်။ မကြာသေးမှီကပင် ကိုးကန့်တပ်ဖွဲ့များက တရုတ်အကူအညီယူကြောင်း သံသယဖြစ်ဖွယ်များ ပေါ်ထွက်လာချိန်နဲ့ ကြက်ခြေနီယာဉ်တန်းတောင် မရှောင်တိုက်ခဲ့လို့ ပြည်သူလူထုက တပ်မတော်ကို ထောက်ခံအားပေးလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ တချို့ တိုင်းရင်သားလက်နက်ကိုင်များနဲ့ တပ်မတော် တိုက်ပွဲများမှာ အချင်းချင်းဖြစ်ကြလို့ မတိုက်ချင်ကြဘဲ လူငယ်များစစ်ထဲ ဝင်လိုစိတ် နည်းပါးရတာလည်း ဖြစ်လာပါတယ်။
၅။ တပ်ထဲ ဝင်လာတဲ့တိုင်းရင်းသား အများဆုံးဟာ ရခိုင်နဲ့ ချင်းလူမျိုးများဖြစ်ပြီး ရခိုင်ဟာ အမျိုးသားရေး အန္တရာယ်ကျရောက်မဲ့ အရေးကာကွယ်နိုင်ဖို့ စစ်ပညာလိုအပ်တာမို့ အရာရှိအဆင့်ဆိုရင် စစ်ထဲဝင်တာ ဖြစ်တယ်လို့သိရပါတယ်။ ရခိုင်ဘယ်လောက်များလဲဆိုရင် ၁၉၈၅ခုနှစ် ခမရ(၁၅) တပ်ရင်းဖွဲ့စည်းပုံ အပြည့်တပ်ရင်းမှူး မှသည် အောက်ခြေ (တပ်ရဲ) စစ်သည်အထိ ရခိုင်တွေဘဲ ရောက်နေတာတွေ့ရပါတယ်။ စာရေးသူတို့ အပတ်စဉ် ကျောင်းဆင်းဆင်းချင်း ရခိုင်ပြည်နယ် ခလရ(၃၄)ကို ရခိုင်သူငယ်ချင်း ဒုဗိုလ်အဆင့်နဲ့ တာဝန်ကျလို့ ပျော်ရွှင်မြူးတူးပြီး ကျောင်းဆင်း သွားတာ တွေ့ရပါတယ်။
၆။ တပ်ရင်းတပ်ဖွဲ့ သက်သာချောင်ချိရေး လုပ်ပေးကြရမှာ သူတို့ “ဦးပိုင်” ထည့်ဝင်တဲ့ငွေ ပမာဏ အနည်းအများပေါ်မူတည်ပြီး အမြတ်ငွေထုတ်ယူရတာဖြစ်ပြီး ၊ အရင်းပေါ်မူတည်ပြီး လုပ်ဆောင်ရတာမို့ တပ်တတပ်နဲ့တတပ် ကွာဟချက်ကြီးမားပါတယ်။ တပ်တွေဟာ ဦးပိုင်မှ အမြတ်ငွေကို မထုတ်ယူခင် အထက်ဌာနကို မိမိတပ် ဘယ်လိုလုပ်ပေးမလဲ ဆိုတာ စီမံချက်တင်ပြရပါတယ်။ ဥပမာ – သားသမီးပညာရေး ထောက်ပံ့စရိတ်၊ သင်တန်းထောက်ပံ့၊ သာရေး နာရေးထောက်ပံ့၊ အားကစားထောက်ပံ့ ဆိုပြီး တိုက်ရိုက်ထောက်ပံ့ ခေါင်းစဉ်အောက်မှာရှိပါတယ်။ တဖန် မှီခို အိမ်ထောင်သည်များအတွက် အဓိကဆန်ကို လူကြီး ၈/၆ ပြည်၊ ၁၂နှစ်အောက် ကလေး ၆/၄ ပြည် ဆိုပြီး ပြင်ပက ဝယ်ယူရတဲ့ ဈေးထက် လျှော့ရောင်းပေးကာ စိုက်ငွေကို ဦးပိုင်းအမြတ်မှ ကျခံရတာမျိုးကျတော့ သွယ်ဝိုက်ထောက်ပံ့ ခေါင်းစဉ်အောက်မှာ ရှိပါတယ်။ ဥပမာ ၂၀၁၃ ခုနှစ် ဆန်ဈေး တပြည်၆၀၀ ကျပ်နှုန်း ဝယ်ရပြီး ရဲမေတွေကို ၃၀၀ မှ ၄၀၀ ကျပ်ထိ ပြန်ရောင်းတယ်လို့ သိရပါတယ်။ တပ်ရင်းတပ် တည်နေရာ နယ်မြေရေခံမြေခံကောင်းတဲ့အပေါ် မူတည်ပြီး အခွင့်အလမ်းအရ ထောက်ပံ့မှု ကွာခြားသွားတာတွေ့ရပါတယ်။ မဆလခေတ် ရခိုင်ပြည်နယ် နပခ တပ်တွေဟာ တပ်ရင်းအနည်းငယ်သာရှိရာ (ခလရ ၂၀၊ ခလရ ၃၄၊ ခလရ ၅၅) ထောက်ပံ့မှု ကောင်းတာမို့ နယ်မြေခံ ရခိုင်လူမျိုးများက အားကျလို့ ဝင်ခဲ့ပေမဲ့ နောက်ပိုင်းတပ်မများ (စကခ ၉၊ စကခ ၁၅) ဆက်တိုက်ဖွင့် လာပြီး တပ်ရန်ပုံငွေ နည်းလို့ မထောက်ပံ့နိုင်ဘဲ ဆင်းရဲကျပ်တည်းမှု မြင်တွေ့လာကြပါတယ်။ သာမန်လူတွေအတွက် ပြင်ပမှာ အင်း၊ အိုင်၊ ကန် မှ ပုဇွန်၊ ငါးရှာ ပိုက်ချလုပ်ရုံနဲ့ တနေ့ ဝင်ငွေ (၃၀၀၀) ကျပ် ရကြရာ (ထိုစဉ်က စစ်သည်လစာသိန်းမကျော်သေး) ၀င်ငွေကြောင့် စစ်တပ်ထဲ မဝင်ကြတာဖြစ်တယ်။ လစာနီးပါး ဝင်ငွေတူ ရရင်တောင် အပြင်ကလူဟာ စစ်တပ်ထက် လွတ်လပ်စွာ နေထိုင်သွားလာရလို့လည်း စစ်ထဲ မ၀င်ကြတာလို့ ဆိုနိုင်ပါတယ်။
၇။ တပ်တွေကို မြို့နယ်တခုဆိုရင် စစ်နည်းဗျူဟာတခု တပ်ရင်း ၃ ရင်းဖွင့်ရမယ်ဆိုလို့ တပ်တွေတိုးချဲ့ ရတဲ့ အတွက် တချို့နေရာတွေဟာ မြို့နဲ့တော်တော်လှမ်းတဲ့ တောင်ကုန်း(နွေမှာ ရေရှား)တွေမှာ တည်ထားတာမျိုး၊ တောခုတ်ပြီး မိမိဖါသာ ရှင်းလင်းတည်ရတာမျိုး၊ လွင်တီးခေါင်လို ခြောက်သွေ့နေရာမျိုး၊ ငှက်ဖျားပေါတဲ့ နေရာမျိုး၊ ရွာသားပိုင် ရာဘာခြံ၊ လယ်မြေတွေကို ဈေးမတန်တဆ နှိမ်ပေးပြီး အဓမ္မသိမ်းကာ တပ်တည်ဆောက်ခိုင်းတာမျိုး၊ မြို့ရွာနဲ့ အလှမ်းဝေးကာ အုပ်ချုပ်မှူ ခက်ခဲပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြတ်သန်းသွားလေ့ရှိတဲ့ ဆက်သွယ်ရေးအဓိက လမ်းကြောင်းတွေကို ထိန်းချုပ်တဲ့ နေရာမျိုး၊ (ရှမ်းပြည်နယ်၊ အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်၊ တြိဂံတိုင်းစစ်ဌာနချုပ်၊ ကယားပြည်နယ် လွိုင်ကော် ဒကစ စစ်ဌာနချုပ် လက်အောက်ခံတပ်များ …) စတာတွေကြောင့် တပ်မိသားစု ဆင်းရဲဒုက္ခပင်လယ်ဝေလို့ တိုင်းစစ်ဌာနချုပ်ရန်ပုံငွေကပင် သီးခြားထည့်ဝင် ထောက်ပံ့ပေးနေရတာလည်းရှိပါတယ်။
၈။ လူသစ်စုဆောင်းရာမှာ ပြင်ပပေါက်ဈေးဟာ တနှစ်ထက် တနှစ် တက်လာရာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
၉။ တဖန် အရာရှိတွေအပြင် အရာရှိကတော်တွေပါ (ဘွဲ့) ရရမယ်ဆိုပြီး မူဝါဒတစ်ရပ် ချလာပြန်တယ်။ အရာရှိ တွေဟာ နဖူးစာရွာလည်ဆိုသလို ရှေ့တန်းမှာ အနေများလို့ သံယောဇဉ်ဖြစ်ပြီး တိုင်းရင်းသူတွေနဲ့ အိမ်ထောင် ကျပြီး အချို့တိုင်းရင်းသူတွေဟာ အခြေအနေမပေးလို့ ဘွဲ့မရတာကြောင့် ဂယက်ရိုက် ကုန်ပါတယ်။ စစ်ရေးချုပ် (နောင်သမ္မတ) ဗိုလ်ချုပ်ကြီး သိန်းစိန်ရဲ့ ဇနီး ဒေါ်ခင်ခင်ဝင်းကို ဘွဲ့မရတာကို ရအောင် ရုံးအုပ်ချုပ်ကြီး တစ်ဦး မှတ်တမ်းရုံးမှာ ကြိတ်ပြီး လာပြင်တာကိုတော့ ဘယ်သူ့မှ မသိလိုက်ဖူးလို့ ကြားဖူးပါတယ်။ အရာရှိတွေ ဘွဲ့မရတာကို ရအောင် စာပေးစာယူပိုင်းမှာ မရရအောင်ကြိုးစားပြီး ဘွဲ့ရယူထားခဲ့တဲ့ အလုပ်သင်ဗိုလ်နဲ့ အခြားအဆင့်မှတက်လာတဲ့ အရာရှိတွေကို နှိမ်ထားတာတွေ့ရပါတယ်။ ဒါဟာလည်း တပ်မမှူး အဆင့်သာပေးပြီး တိုင်းမှူး ရာထူးကို မပေးတာဟာ DSA ကျောင်းဆင်းတွေကို ယှဉ်လာမှာစိုးလို့ဖြစ်တယ်လို့ ပြည်တွင်းက အရာရှိတွေက မြင်ကြပါတယ်။