ကဗျာ ထွန်းဝင်းငြိမ်း

ထွန်းဝင်းငြိမ်း – ယုံကြည်မှုကျော့ကွင်း


ထွန်းဝင်းငြိမ်း – ယုံကြည်မှုကျော့ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၆

စကားလုံးတွေနဲ့ ဖမ်းစားတယ်။
စာချုပ်တွေနဲ့ တည်ဆောက်တယ်။
ခရီးစဉ်တွေနဲ့ မိုင်းဆက်ပြောင်းတယ်။
အလှူ့လဖက်နဲ့ သူကြီးဘုရားတည်တယ်။
၅၀၅ နဲ့ ၆၆(ဃ) ရေလဲသုံးတယ်။
ဓါတ်ပုံနိုင်ငံရေးတွေ ဖြည့်စွက်တယ်။
ငြိမ်းချမ်းရေးပွဲစားတွေ အလုပ်ဖြစ်တယ်။
စစ်တန်းလျားပြန်ဖို့ မေးခွန်းတွေလည်း လေနဲ့အတူ . . .။

ပေါ်တာ ဆွဲတယ်။
မုဒိမ်းမှုတွေ များလာတယ်။
ပိုင်ရှင်မဲ့ ဆေးပြားတွေ ခေတ်စားတယ်။
ဒုက္ခသည်တွေ တိုးလာတယ်။
လက်နက်ကြီးသံတွေ ရိုးနေပြီ။
လေယာဉ်ပျံတွေ ခေါင်းပေါ်မှာမိုး . . လို့။
ဗုန်းခိုကျင်းထဲ ဝပ်နေရ။
ဒါ . . . စစ်ကားရိုက်နေတာ မဟုတ်ဘူး . . . မေမေ။

ထွန်းဝင်းငြိမ်း

၁၂၊ ၁၁၊ ၂၀၁၆
မိုင်းဆက် = mind-set = တွေးခေါ်မှု အလေ့အထ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts