ကဗျာ

မောင်ဖူးဝေ(ထီလာ) – မံမီ

မောင်ဖူးဝေ(ထီလာ) – မံမီ
(မိုးမခ) နိုဝင်ဘာ ၁၃၊ ၂၀၁၆

ကျုပ်တော့
မယုံဘူးဗျာ။

“ဂွာရာနီကာ” ဆိုတဲ့
အရောင်စုံပန်းချီကားကြီးရှိတယ်ဆိုတာ

“ဗီသိုဗင်” ရဲ့
ဂီတသံစဉ်တွေရှိတယ်ဆိုတာပြီးတော့
“ဆိုကရေးတီး”ဆိုသူရဲ့
ဒိုင်ယာလက်တစ်တွေ ရှိတယ်ဆိုတာ…။

ခင်ဗျားတို့ပြောလို့သာ…။

ကျုပ် “နှာခေါင်း” တွေက
အသက်ရှူဖို့သက်သက်ပါ။

မမြင်ရဘူး

မကြားရဘူး

မပြောတတ်ဘူး လေဗျာ။ ။

၂၄. ၇. ၉၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts