ကဗျာ

ကိုပွေး ● မလိုချင်ဘူး မြစ်ဆုံ

ကိုပွေး ● မလိုချင်ဘူး မြစ်ဆုံ
(မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၆

မြစ်ကို မြစ်အတိုင်းမထားတဲ့အခါ

မြစ်ဟာ မြိ့ကိုတကျွတ်ကျွတ်ဝါးလို့

သဘာဝဘေးဆိုတာ လူတွေကလုပ်တာ

စီးတဲ့ရေကို ရပ်ထားတော့

ရပ်တဲ့ရေက တားမရတော့ဘူး

ကားတွေ လူတွေက စမ်းချောင်းထဲက

ပန်းလေးတွေလို

တိုက်တွေ သစ်ပင်တွေက ရေသွားရာ

တရွတ်တိုက်လို့

မျက်စိတမှိတ်ပါပဲ

တိတ်တိတ်လေး ကြွေရရှာတယ်

အိမ်နီးချင်းဆိုတော့ စိတ်မကောင်းဘူး

“မြစ်ကို မြစ်အတိုင်းထားပါ

ဧရာဝတီကို မရပ်စေနဲ့”

အသက်နဲ့ရင်းပြီး ပြောပြသွားတာ

တရုတ်လိုပေမယ့် ဗမာစာတန်းထိုး

“မလိုချင်ဘူး …မြစ်ဆုံ”

ကိုပွေး

၂၅ ၇ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts