ရသဆောင်းပါးစုံ

ဇာနီကြီး ● လယ်သမားတွေကို ကူညီပါ

ဇာနီကြီး ● လယ်သမားတွေကို ကူညီပါ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၆

နိုင်ငံကြီးပွားဖို့ လယ်ယာမြေပြုပြင်ရေး အမေရိကန်အဖွဲ့နဲ့ မြန်မာပညာရှင်တွေ လုပ်နေကြပါပြီ။

၇၀ ရာခိုင်နှုန်း ဆင်းရဲမွဲတေတဲ့ လယ်သမားတွေနဲ့ Land Reform အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်အကူညီ အဖွဲ့ လွှတ်တော်ကိုယ်စားလှယ်များကို တင်ပြသွားပါပြီ။

● အမေရိကန်အဖွဲ့ တင်ပြချက်
မဟာဗျူဟာ စတင်နေပြီး လယ်လုပ်သူတိုင်းလယ် ဧက သေးသေးတွေ (ဥပမာ ၂ဧက လောက်စီ) ပိုင်ရေး, မျိုးစေ့ နည်းစနစ် ငွေ အားလုံးထောက်ပံ့ရင်း ၂ ဧကထွက်နှုန်းက ယခု ၁၀ ဧက ထွက်နှုန်းထက် သာမယ်။

အမေရိကန်စနစ်နဲ့ ဂျပန်၊ တောင်ကိုးရီးယား၊ ဗီယက်နမ်၊ တရုတ်၊ ထိုင်ဝမ်တွေမှာ အောင်မြင်ပုံ၊ အမေရိကန်က မြန်မာကို နှစ် ၅၀ နောက်ကျပြီးမှ လာရောက်ကူညီခွင့်ရပုံများကို ဆွေးနွေးတင်ပြပါတယ်။

မူဝါဒဆွဲပြီး လုပ်ရင်း ပြင်ရင်း စတင်နေပြီဖြစ်ပါတယ်။ ခရိုနီက မြေပြန်ပေးရပါမယ်။ ခရိုနီလို့မပြောပဲ မြေအများကြီးပိုင်တဲ့လူ တွေလို့ ပြောရအောင်။ သူတို့အဆင့်မလာခင် အခု နိုင်ငံတော်ပိုင် မြေဧက သန်းနဲ့ချီ တွေ့ထားပါပြီ။ အခုပဲ ဧရာဝတီတိုင်းမှာ လယ်ဧက သောင်းနဲ့ချီ ဝေငှပေးနေပါပြီ။

● မဟာဗျူဟာ (ရေတို ရေရှည် စီမံကိန်းများ)
၁။ မြေယာမရှိသူများကို မြေ၂ဧကစီဖြစ်စေ ခွဲဝေပေး
၂။ သူတို့ကို ကူညီထောက်ပံ့ပေး
၃။ ချေးငွေရအောင်လုပ်ပေး။ အခုဖြစ်နေတဲ့ တလ ၁၀ ရာခိုင်နှုန်း မတရားအတိုးနှုန်းမဟုတ်ပဲ တနှစ်လုံးနေမှ ၅ ရာခိုင်နှုန်းလို ချေးငွေမျိုးပါ။
* * * * *

● အာရှတိုက်က ၅ နိုင်ငံ အကြီးကျယ် အောင်မြင်မှုများအကြောင်း
၁။ ဂျပန်
၁၉၄၆ အမေရိကန်က လာရောက်ပြုပြင်ပြောင်းလဲပေးတယ်။ လယ်ယာမဲ့တွေကို တဦး ၁ ဧကလောက်ခွဲဝေ လယ်ပိုင်ဖြစ်စေ တယ်။ တရားမဝင် မြေလွှဲပေးတာမျိုး မရှိစေရ။ လယ်လုပ်သူပဲ လယ်ပိုင်စေတယ်။ ၁၀ နှစ်အကြာ လယ်သမားဘဝ အရမ်းတိုး တက် စက်မှုလယ်ယာ ဖြစ်သွားပါတယ်။

မြန်မာပြည်က အသက်၉၀ စီးပွားပညာရှင် ဦးလှမြင့်နဲ့ အဒမ်စမစ်ပေါင်းပြီး Smit-Myint အဖွဲ့လည်း ပါဝင်လုပ်ဆောင်ပါတယ်။

၂။ တောင်ကိုးရီးယား
၁၉၄၉ စတင်ခဲ့ပါတယ်။ ကိုးရီးယားစစ်ပွဲအပြီး လယ်မြေပြုပြင်ရေး လုပ်ပါတယ်။ ၄ ရာခိုင်နှုန်း လူဦးရေက လယ်မြေအများကြီးကို ပိုင်ရာကနေ လယ်မြေမရှိတဲ့ လယ်သမား (သီးစား) တွေကို ခွဲဝေပေးပါတယ်။ အခုတော့ အကြီးကျယ်အောင်မြင်ရာက ကမ္ဘာ့ထိပ်တန်းစက်မှုနိုင်ငံ ဖြစ်နေပါပြီ။

၃။ ဗီယက်နမ်
၁၉၆၈ စတင်ခဲ့ပါတယ်။ တောင်မြောက် ၂ နိုင်ငံ စစ်ပွဲအပြီး ကွန်မြူနစ်ခေါင်းဆောင်များက တောင်ဗီယက်နမ် လယ်သမားများ အရမ်းအောင်မြင်တာကို တွေ့ပါတယ်။ မြောက်ပိုင်း ကွန်မြူနစ် ဘုံလယ်ယာစနစ်ကနေ အမေရိကန်စန်အတိုင်း လယ်သမား တွေကို လယ်ပိုင်အဖြစ် ခွဲဝေလုပ်ကိုင် ပံ့ပိုးပါတယ်။ အခု ၂၀၁၆ မှာ အကြီးကျယ်အောင်မြင်ပြီး စက်မှုဗီယက်နမ်အဖြစ် ချီတက်နေပါပြီ။

ကမ္ဘာ့ ကော်ဖီအများဆုံး တင်ပို့တဲ့နိုင်ငံ လက်ဖက်ခြောက်၊ ရာဘာ၊ သီဟိုဠ်စေ့ အများဆုံးတင်ပို့ ရောင်းချတာ မြေဧက ၂ ဧ က ၃ ဧက သေးသေးလေးတွေမှာ စိုက်ပျိုးတဲ့စနစ်နဲ့ လုပ်နေကြတာပါ။ ကိုယ်ပိုင်မြေဆိုတော့ ကြိုးစားလုပ်တယ်။ အစိုးရနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီပေးကြပါတယ်။

၎။ တရုတ်ပြည်မကြီး
၁၉၄၉ – ၁၉၅၆ မှာ တဦး ၂ ဧက ခွဲဝေလုပ်စေတာ အောင်မြင် ဝင်ငွေ ၈၀ ရာခိုင်နှုန်းထိ တိုးတက်လာပါတယ်။ ဒါပေမဲ့ ကွန် မြူနစ် ဘုံလယ်ယာမြေ အများစုကြောင့် တရုတ်ပြည်အခြေနေ ဆိုးသွားရတယ်။ ၁၉၇၀ နောက်ပိုင်း small firm ခွဲဝေလုပ်ကိုင် စေတယ်။ ၁၉၉၀ မှာ ၈၆ ရာခိုင်နှုန်းတက်သွားပြီး အခုတော့ အရှိန်ရနေပါတယ်။ မကြာမီက လယ်သမားတွေကို မြေပိုင်ခွင့် အနှစ် ၃၀ ထပ်တိုးပေးပြီး ဒီလမ်းကြောင်းပဲ အောင်မြင်စွာ သွားနေပါတယ်။

၅။ တိုင်ဝမ်
၁၉၅၀-၅၃ မှာ လယ်သမားတယောက် တဧကခွဲနှုန်း ခွဲဝေလုပ်ကိုင်ရင်း နှစ်မကြာခင် ဝင်ငွေ ၁၅၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပါ တယ်။ အခုတော့ လယ်သမားမိသားစုတွေ ပညာတတ် စက်မှုပညာရှင်တွေ ဖြစ်နေပါပြီ။

မြန်မာပြည်ကို အနှစ် ၅၀ နောက်ကျရောက်လာတဲ့ အမေရိကန်အဖွဲ့ လယ်သမားတွေကို သင်တန်းတွေလဲ မပေးတော့ပါ။ WorkShop အလုပ်ရုံဆွေးနွေးပွဲတွေလည်း မလုပ်တော့ပါ။ တခါထဲ လက်တွေ့လုပ်ရင်း လယ်ယာမြေပြုပြင်ပြောင်းလဲ နေပါ ပြီ။

ပေါ်လစီစတင်ပြီး ဥပဒေများနဲ့ အကောင်ထည်ဖေါ်တာ ၅ နှစ်ကြာပေမဲ့ အရင်အစိုးရ စိုးရိမ်မှုတွေကြောင့် အခြေနေဆိုးခဲ့ရပါ တယ်။ အခု (၃) ဆင့် လုပ်မှာကတော့ ….

၁။ လယ်လုပ်သူ လယ်ပိုင်ဖို့ (အစိုးရ သို့မဟုတ် ပုဂ္ဂလိက လယ်မြေများက) ဧက သေးသေးတွေ ခွဲဝေပေးခြင်း
၂။ လယ်မြေသိမ်းခံရတဲ့ ပြသနာတွေ ဖြေရှင်းခြင်း
၃။ မြေမရှိတဲ့ လယ်သမားများ မြေဧက သေးသေးများ ပိုင်ဆိုင်

အစိုးရနဲ့တာဝန်ရှိသူများက လယ်သမားများကို ကူညီကြပါ။ သူတို့စိတ်ဖိစီးမှုများကို မျှဝေခံစား ပံ့ပိုးကူညီပေးကြပါ။

မြန်မာပြည်မှာ ယခုအချိန်ထိ လေ့လာရှိထားချက်အရ အစိုးရပိုင် လယ်မြေလုပ်နိုင်တဲ့ မြေဧက သန်းနဲ့ချီရှိနေပါတယ်။ ခွဲဝေ ပေးမှာပါ။

ငွေကြေးနဲ့နည်းပညာကို
* ဆွဒ်ဇာလန်
* ဥရောပဘုံဈေး EU
* အမေရိကန်တို့က စတင်ခဲ့ပါတယ်။ တခြားအဖွဲများ ပါဝင်ကူညီရင် ပါဝင်နိုင်ပါတယ်။
* * * * * * * *

ဦးရွှေသိန်း (တင်ပြချက်)
လက်ရှိ မြေယာမဏ္ဍိုင်အဖွဲ့. .

မူဝါဒနဲ့ပြုပြင်ပြောင်းလဲမှုအခြေအနေများကို ရှင်းပြပါတယ်။ မြန်မာပြည် မြေ ရေ လေ နဲ့ လုပ်အား ၇၀ ရာခိုင်နှုန်းရှိတဲ့ တောင် သူလယ်သမား အင်အားနဲ့ စိန်ခေါ်မှုများစွာကို ကျော်လွှားအောင်မြင်ဖို့ပါ။

မြေရေ သစ်တော အရင်းမြစ်များ ပျက်စီး ရာသီဥတုဖေါက်ပြန်မှုတွေ ဘာကြောင့်ဖြစ်သလဲ အားလုံးသိပြီးပေမဲ့ ပြောရပါမယ်။

မြေအသုံးချဖို့ဌာနဆိုင်ရာ ၂၀ ခုလောက်က ဥပဒေပေါင်း ၃၀ ကျော်နဲ့ ပူးပေါင်းဆောင်ရွက်မှု အာနည်းလှပါတယ်။ သစ်တော မြေ စိုက်ပျိုးမြေတွေကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးနဲ့ မြေစာရင်းမှုးတို့ပဲ အဓိက ဖြေရှင်းနေကြပါတယ်။

မြေအရင်းမြစ် စီမံရေးစနစ် အားနည်းနေပါတယ်။ အားကောင်းလာဖို့ လူမှုအဖွဲ့အစည်းတွေ အားလုံးပူးပေါင်း ဆောင်ရွက်ရပါ မယ်။ လှုံ့ဆော်ပွဲတွေ လုပ်တဲ့အဖွဲ နဲ့ စေ့စပ်ညှိနှိုင်းတဲ့ အဖွဲ့တွေ အစိုးရနဲ့ မတူညီတဲ့အဖွဲ့တွေ စွမ်းရည်တွေကို အသုံးချနိုင်ရင် အောင်မြင်မှာလို့ ယုံကြည်ပါတယ်။

● မြေအသုံးချမှုမူဝါဒ
အပိုင်း (၁၂) ခုနဲ့ ရေးဆွဲပြီးပါပြီ။ ဒီမူဝါဒက အသေမဟုတ်ပါ။ လိုထည့် မလိုဖြုတ်လုပ်ရင်း တော်တော်ပြီးပါပြီ။ ၅ နှစ်တာ လုပ်ခဲ့ပြီး ရှေ့ဆက် ပွင့်လင်းမြင်သာစွာသွားရပါမယ်။

● အမျိုးသားမြေဥပဒေ
ဥပဒေပေါင်း ၃၀ ကျော် ဌာနဆိုင်ရာပေါင်း ၂၀ ကျော် ရှုပ်ထွေးနေတာ အားလုံး ချိတ်ဆက်မိအောင် ပြင်ဖို့”အမျိုးသားမြေဥပဒေ” အရင် ပြဌာန်းအတည်ပြုရပါမယ်။

မူဝါဒကို အစိုးရ (သို့) လွှတ်တော် ဘယ်သူရေးမလဲ။ အကောင်ထည်ဖေါ်ဖို့အားလုံးအထက်က အဖွဲ့စည်းတခုလည်း ဖွဲ့ရပါဦး မယ်။

လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းခြင်းကို အမေရိကန်အဖွဲ့နဲ့ ဦးရွှေသိန်းတို့က ဖြေသွားပြီး နောက်လည်း လွှတ်တော်ကို လာရောက်တင်ပြပါမယ် ပြောသွားပါတယ်။

ဇာနီကြီး
၁၇. အောက်တိုဘာ ၂၀၁၆

Ref link . .
ကျော်မျိုးထွန်း ရဲ့ လယ်ယာမြေ ပြုပြင်ရေးမှာ အဓိကကျတဲ့ ကုန်စည်ဒိုင်ကြီးစနစ်နဲ့ ပေါင်း လုပ်ကိုင် ကူညီကြဖို့ပါ။
Link – https://goo.gl/CLo4Rc

လယ်ယာမြေပြုပြင်ရေး eBook
http://www.slideshare.net/…/myanmarjobstu…/landtransform2016


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts