ကဗျာ

ကိုသစ် (သီတဂူ) ● လူငယ်ခြေကျ

 ကိုသစ် (သီတဂူ) ● လူငယ်ခြေကျ
(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၆

နေရာမှား ကစားခဲ့ကြရတဲ့ဘ၀တွေထဲ
ကန်စရာ ကွင်းပျောက်သွားတဲ့
တက်သစ်စ လူငယ်ခြေကျလေးတွေ၊
ကိုယ်စီညီးတွားရင်းနဲ့ပဲ
နုပျိုခြင်းတွေဟာ ကြွေလွင့်ဆုံးပါးသွားခဲ့ကြ။

အိပ်မက်တွေ ကိုယ်စီမက်ခဲ့ကြဖူးမယ်
“ရောင့်ရဲခြင်းက ပြည့်ဝခြင်းတဲ့ “လား
အတောင်စုံနေတာတောင်
ပျံစရာကောင်းကင်မရှိတဲ့ ဒီလောကကြီးထဲ
လူငယ်ခြေကျလေးတွေဟာ
ခေါင်းငိုက်စိုက်ကျလို့။

ကိုသစ် (သီတဂူ)
၁၀၊၂၁၊ ၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts