ကဗျာ

လင်းသက်ငြိမ် ● ခပ်နုနုကဗျာ

 

လင်းသက်ငြိမ် ● ခပ်နုနုကဗျာ
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၆

စကားလုံးလေးနဲ့ပစ်ပေါက်လိုက်ရုံနဲ့ ကျကွဲရတဲ့ကောင်ပါ
အယူသီးသူအိမ်ရှေ့အသုဘကားဖြတ်မောင်းသွားသလို
အရာရာကို အထိတ်ထိတ်အလန့်လန့်
တိမ်တွေကို အကြာကြီးငေးပြီး ပုံဖော်ထားတဲ့စိတ်ကူးလေး
သူတို့လွင့်သွားလည်း ငါမမေ့သေး
ဒေါသကြီးရင်မောမှာစိုးလို့
အလိုက်သိခဲ့တဲ့ဖုန်းကလေးအကြောင်းမင်းမသိတတ်ရင်နေပါ
အသက်ကိုပုံမှန်ရူပြီး ရေအေးအေးတစ်ခွက်သောက်ဖို့မမေ့ပါနဲ့
မိုးစက်တွေထိရုံနဲ့ကြွေလို့ ခရေတွေကို အပြစ်မဖွဲ့စေချင်ဘူး
အချစ်စိတ်ဆိုတာ သံပုရာသီးစားနေတဲ့လူက%


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts