ကဗျာ

ဝိုင်ချို – ကြယ်ပန်းပွင့်များ


ဝိုင်ချို – ကြယ်ပန်းပွင့်များ 

(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၆

ကြယ်အဖြူတွေက စံပယ်ပင်မှာပွင့်ပြီး
ကြယ်အဝါတွေက ခရေပင်မှာပွင့်တယ်
ကြယ်ခရမ်းတွေ ကြာပင်မှာပွင့်ပြီး
ကြယ်ပန်းရောင်တွေ ချယ်ရီပင်မှာပွင့်တယ်
ရှားစောင်းပြာဿဒ်ပင်ကိုခါးလယ်ကဖြတ်တော့
သွေးစိမ်းရှင်ရှင်ကြယ်အစိမ်းတွေပွင့်ပြီး
ဇာတိမာန်ကို မလှန်နိုင်အောင်ခုတ်တဲ့အခါ
ကြယ်အနီတွေ တိုင်းပြည်ကပွင့်တယ်
တကယ်လိုနေတာ ငြိမ်းချမ်းရေးပါ
ကြယ်အပြာတွေ
ကောင်းကင်မှာ ပွင့်ပါ။ ။

Photo – https://newevolutiondesigns.com/25-free-hd-flowers-wallpapers


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts