ကဗျာ
တင်ညွန့်မြိုင် (သာစည်) – ​နေ မခတဲ့ မီး​တောင်
KT#
တင်ညွန့်မြိုင် (သာစည်) – နေ မခတဲ့ မီးတောင်
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၆
နင်ဟာ ငါ့အစိုးရ
နင်ဟာ ငါ့ချစ်မေတ္တာဘဏ်တိုက်
အော်
နင့် နှလုံးသားနိုင်ငံမှ
ငါ့ကို နှင်ထုတ်ခဲ့တယ်
ငါဟာ နိုင်ငံမဲ့ မဟုတ်ဘူး
ငါဟာ ကျွန်းကလေးတကျွန်းမဟုတ်ဘူး
ငါဟာ
တောအုပ်ထဲက သစ်ပင်တပင်ပါ
ပင်လယ်ထဲက ငါးတကောင်ပါ
နင်နဲ့ ငါဟာ
ကျည်ဆံတွေ အစုန်အဆန်လမ်းမှာ
သွေးတွေ ခုန်နေတဲ့လမ်းမှာ
တို့ ချစ်ခဲ့ကြတယ် ကူးခတ်ကြတယ်
အာဏာတွေ မအိုသေးဘူး
စိတ်အဟောင်းတွေ နေမညိုသေးဘူး
အို
မီးတွေက တစိုစို
ဝဿ     န်ချို
ဘာပဲ ဖြစ်ဖြစ်
ပျားတွေ မနားကြဘူး
ငါးတွေ မနားကြဘူး
နိုင်ငံမဲ့ ငါ့မှာ
နင်ဟာ
အရေးတော်ပုံ တပ်သား
နင့် တောင်ပံရိုက်ခတ်သံ
ငါ ခံစားနေတယ်
နံရိုးနဲ့လှော်တဲ့ အသံ
နင် ခံစားနေမယ်
ဟုတ်လား  ၀ဿ     န်ချို …
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
Similar Posts