ကဗျာ

မောင်မှိုင်းလွင်(အင်းဝ) – တိုက်စစ်မှူး

Illustration – KT#

 မောင်မှိုင်းလွင်(အင်းဝ)  – တိုက်စစ်မှူး

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၆
တိုင် မှန်ထွက်တယ်
ဘားတန်းပေါ် ကျော်သွားတယ်
ဂိုးသမား ပုတ်ထုတ်ကာကွယ်
နောက်တန်းက ဖျက်လိုက်တယ်
ထားတော့
ဝင်တာ မဝင်တာ အပထား
ဂိုးသွင်းနိုင်ရင်ကို တော်သေးရဲ့။

ခုတော့
တဘဝလုံးလုံး
တကွင်းလုံး ပတ်ပြေးနေတာတောင်
ငါ့ ခြေထောက်ကို
ဘောလုံးက လာမတိုး။ ။

မောင်မှိုင်းလွင်(အင်းဝ)
၁ ၃ . ၁ ၀ . ၂ ၀ ၁ ၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts