သတင်းပဒေသာ

SK ရှန်လိန်း – မေးဖြေကောင်းလှ မြတ်ဓမ္မ စာအုပ် ရွှေတိဂုံမှာ အလှူခံနိုင်ပြီ

SK ရှန်လိန်း – မေးဖြေကောင်းလှ မြတ်ဓမ္မ စာအုပ် ရွှေတိဂုံမှာ အလှူခံနိုင်ပြီ
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၁၆

မေးဖြေကောင်းလှ မြတ်ဓမ္မ (GOOD QUESTION , GOOD ANSWER)  စာအုပ်ကို ရွှေတိဂုံစေတီတော် တောင်ဖက်မုခ်၊ ဂေါပကအဖွဲ့ရုံးအနီး အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဌာနကောင်တာတွင် အလှုခံရရှိနိင်ကြောင်း သိရှိရသည်။

ဗုဒ္ဓ ဓမ္မဆိုင်ရာ အထွေထွေမေးခွန်းများကို သြစတြေးလျှရဟန်းတော် အက်စ်ဓမ္မိကက အင်္ဂလိပ်လို ရှင်းလင်းဖြေကြားခဲ့ကာ Good Question , Good Answer အမည်ဖြင့် အကြိမ်ကြိမ် ရိုက်နှိပ်ပြီး ဓမ္မဒါနပြု လှုဒါန်းခဲ့ပါသည်။ အဆိုပါစာအုပ်ကို ချင်း ဗုဒ္ဓသာသန ပါလကအဖွဲ့သည် ချင်းဘာသာဖြင့် ဓမ္မစာပေများသင်ယူပြန့်ပွါးနိုင်စေရန်နှင့် မြန်မာတိုင်းရင်းသားများ အနေဖြင့် ဗုဒ္ဓ ဓမ္မဆိုင်ရာ အင်္ဂလိပ်လို မေးခွန်းများကို အင်္ဂလိပ်လို ဖြေကြားနိုင်ကြစေရန် ရည်ရွယ်ပြီး မူရင်း အင်္ဂလိပ် အပြင် မြန်မာ၊ ချိုချင်း ၃ ဘာသာဖြင့် (မေးဖြေကောင်းလှ မြတ်ဓမ္မ ) စာအုပ်အဖြစ် ပုံနှိပ်ခဲ့သည်။ ထိုစာအုပ်ကို အုပ်ရေ ၅၀၀၀ ရိုက်နှိပ်ကာ အလိုရှိသူတို့အား လှုဒါန်းနေပါကြောင်း၊ ပိုမိုကျယ်ပြန့်စွာ လှုဒါန်းနိုင်ရန် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့သို့ မေတ္တာရပ်ခံ ပန်ကြားခဲ့ရာ အဖွဲ့က သဘောတူလက်ခံခဲ့ပါသည်။

ထို့ကြောင့် ၁၅-၁၀-၂၀၁၆ နေ့မှ စကာ “မေးဖြေကောင်းလှ မြတ်ဓမ္မ (GOOD QUESTION , GOOD ANSWER)” စာအုပ်ကို ရွှေတိဂုံစေတီတော် တောင်ဖက်မုခ်၊ ဂေါပကအဖွဲ့ရုံးအနီး အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဌာနကောင်တာတွင်အလှုခံရရှိနိင်ပြီဖြစ်ကြောင်း ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့  အတွင်းရေးမှုး ဆလိုင်းရွှေလင်းထံမှ သတင်းရရှိသည်။

ချင်းဗုဒ္ဓသာသနပါလကအဖွဲ့၏ တည်နေရာမှာ ကန်သာယာကျောင်းတိုက်၊ စက်ကလေး၊ ရန်ကုန်။ ဖြစ်ပြီး ဖုံး နှင့် Viber 09 30004974 အပြင် Email: chinyaungchi.ygn16@gmail.com တို့သို့ ဆက်သွယ်နိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts