ကဗျာ

သူရနီ – အုတ်ဂူဘေးက ကနုတ်ပန်း (၅ )

ပန်းချီ သန်းဌေးမောင် – ခေါ်သ

သူရနီ – အုတ်ဂူဘေးက ကနုတ်ပန်း (၅ )

(မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၁၆

သမင်လိုက်အကလေလား
ဇာပန်းခက်ထိုးနေပုံလား
ပန်းတွေတဇောင်း ပွင့်နေဟန်လား
ပွင့်ဦးကို ဝဏ္ဏပဘာနဲ့ လွမ်းရတယ်
သစ္စာကိုတော့ သည်ဆောင်းဟေမာန်နဲ့လွမ်း
ဆည်းဆာကိုတော့ ရတုဘုရင်နဲ့လွမ်းရမယ်
မိုးသက်လေနှင်ကတော့
ဘယ်တော့မှ မကျက်တဲ့အနာပဲ။

ဂီတနက်သန်တေးသွားတွေက
လူတစ်ရစ် နတ်တစ်ရစ်ပြုလုပ်ထားတဲ့
လိမ္မော်ရောင် လိရိကတွေဟုဆိုလျှင်
အလွမ်းနဲ့ အတိပြီးတဲ့ နတ်ဘုရားက
စောစောငြိမ်းသွားတဲ့ ကိုစောညိန်းဖြစ်တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts