ဓာတ်ပုံသတင်း ဌေးအောင် (မိုးမခ)

လက်နက်ကြီးသင့် ကလေးငယ်များနဲ့ ပြည်တွင်းစစ်အရေး ရန်ကုန်မှာ ဆန္̔ဒပြ

 

 လက်နက်ကြီးသင့် ကလေးငယ်များနဲ့ ပြည်တွင်းစစ်အရေး ရန်ကုန်မှာ ဆန္̔ဒပြ

(ဌေးအောင်၊ မိုးမခ) အောက်တိုဘာ ၉ ၊ ၂၀၁၆

လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသော အပြစ်မဲ့ ကလေးငယ်များအတွက် တရားမျှတမှု ဖော်ထုတ်ရေးနှင့် ပြည်တွင်းစစ် အမြန်ဆုံးရပ်တန့် ရေးဆန္ဒပြပွဲအား ယနေ့ (၈.၁၀.၂၀၁၆)နေ့ လည် ၃း၀၀ နာရီမှစတင်ကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တိုင်းရင်းသားလူငယ်များမှ ဦးဆောင်ပြီး ရန်ကုန်မြို့ တော်ခန်းမရှေ့ (ဗန္ဓူလပန်းခြံဘေး)တွင် ကျင်းပခဲ့ပါသည်။

ဆန္ဒပြပွဲအား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တိုင်းရင်းသားလူငယ်(၄၀) ခန့် မှပြုလုပ်ခဲ့ပြီး ပြည်သူ ၅၀၀ခန့် မှ ၀န်းရံကာ စစ်ပွဲများကြောင့် တိုင်းရင်းသားပြည်သူများဒုက္ခရောက်နေရသည့်အခြေအနေများအား ဟောပြောရင်ဖွင့်ခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ ကြွေးကြော်သံများပြိုင်တူကြွေးကြော်ခြင်းများပြုလုပ်ခဲ့ကြသည်။

လက်ရှိတိုက်ပွဲများနှင့်ပတ်သက်ပြီး အစိုးရမှ မည်သည့်သဘောထားမှထုတ်ပြန်ပြောဆိုဟန့် တားခြင်းမရှိသည်များကိုလည်း ဝေဖန်ပြောကြားကြပါသည်။

 

 

 

 

ဓာတ်ပုံ-ဌေးအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts