ခေတ်ပြိုင်အတွေ့အကြုံ

Billy H. Mackenzie – ရန်ကုန်မှာ..၂ ထပ်လမ်းနှင့် စဉ်းစားစရာများ

Photo – Irrawaddy


Billy H. Mackenzie  – ရန်ကုန်မှာ..၂ ထပ်လမ်းနှင့် စဉ်းစားစရာများ

(သူ့ဖေ့စ်ဘွတ်က ယူပါတယ်) မိုးမခ၊ အောက်တိုဘာ ၁၊ ၂၀၁၆၂ ထပ်လမ်း ဆောက်ချိန် ရန်ကုန်မြို့ကြီးလုံးဝရပ်သွားလုနီးနီး လမ်းတွေပိတ်ကုန်မှာက အသေ အချာ။ ဆောက်လျှင်လည်း မြန်မာကုမ္ပဏီတွေနှင့်ဆောက်လျှင် အောက်ခြေတိုင်ထု နေရာယူ တာက များနေတယ်။ အောက်ကလမ်းသားကုန်တာနဲ့ အပေါ်ကရလာမဲ့ လမ်းအကျယ်က တွက်ခြေမကိုက်နိုင်။

လက်ရှိလှည်းတန်းကုန်းကျော်တံတား- ၄- လမ်းသွားက အောက်လမ်းနေရာယူလိုက်တဲ့ နမူနာနဲ့တွက်ကြည့်ပါ။ ဆစ်ဒနီမှာ..၄ လမ်းသွာကတိုင်တွေက သေးသေးလေးတွေ။

နောက် ကုန်ကျငွေက..၂၅ ဘီလျံ၊ တိုင်းပြည်ကိုအပေါင်ဆိုင်ပို့ရမည့်ကိန်း။

တကယ်က ယခု အစိုးရသစ်အနေနှင့် ပုံမှာ ( သိမ်ကြီးဈေး – ရွှေတိဂုံဘုရားလမ်း ) မှာ ကားတွေ ၉၀ – ဒီဂရီရပ်ခွင့်ပေးထားတာကိုက မှားနေတာပါ။ သိမ်းကြီးဈေးနောက်က လမ်းကြားတွေမှာ ဆိုင်တွေက လမ်းပေါ်ထွက်နေရာယူနေတာ..ဘိုးဘွားပိုင်ကျနေတာပဲ။ အဲဒီလမ်းမှာ ကုန်အတင်အချကားကို နာရီဝက်သာရပ်ခွင့်ပေးတဲ့စနစ်ကျင့်သုံးရမှာပါ။

နာရီဝက်ကိုပင် ရပ်ခဈေးကြီးကြီးနှင့် ကောက်ခံရပါမည်။ နာရီဝက်ကျော်လျှင် ထွက်ပေတော့။

ရွှေတိဂုံ ဘုရားလမ်းပေါ် လုံးဝ ရပ်ခွင့်ပိတ်ရန်လိုပါတယ်။

မြန်မာပြည်မှာ..အမေရိကန်ကနေ..လမ်းနှင့် မီးပွုင့်ပညာရပ်နှင့်ဘွဲ့ရထားသူ အင်ဂျင်နီယာ မြန်မာလူငယ်လေးတွေ ရှိပါတယ်။ အလုပ်ခန့်ဖို့ခေါ်တာ မတွေ့ရသေးပါ။

အဲဒီလိုပညာရှင်လေးတွေ တက္ကသိုလ်ထပ်မံတက်ဖို့ အစိုးရက ပညာသင်ဆုပင် ထုတ်ပေးရန် လိုပါတယ်။

လက်ရှိအစိုးရအနေနှင့်..ဦးသိန်းစိန်လို ဆေးတက္ကသိုလ် မြန်မာပြည်မှာရှိနေတာကို ဆေးတက္ကသိုလ်ပညာသင်ဆုပေးတဲ့အတွေးအခေါ်မျိုးတွေကနေဖောက်ထွက်ရန် လိုနေပါပြီ။

လမ်းနှင့်မီးပွိုင့်ပညာရပ်ပညာသင်ဆုထုတ်ပြန်ပေးရန် ပန်ကြားလိုက်ပါတယ်။

သာမန်သိတာလောက်နှင့် လုပ်ကိုင်နေတာတွေ နေရာမကျနိုင်ပါဘူး။

ရန်ကုန်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမ၊ အနော်ရထာလမ်းမ၊ မဟာဗန္ဓုလလမ်းမ သုံးခုကို မြို့ပြင်ကလာတဲ့ဘတ်စ်ကားတွေ ဝင်ခွင့်မပေးတော့ဘဲ ယာဉ်လမ်းတကြောင်း One Lane ကို Free City Bus စံနစ်နဲ့ လက်မှတ်မလို ရပ်၊ တက်မောင်း စမ်းသပ်သင့်ပါတယ်။

အဲဒါဆို..လိုင်းပေါင်းစုံက ခရီးသည်တွေ လုစောင့်ရပ်နေတာမရှိတော့ ခရီးသည်တွေကလည်း ဘတ်ကားကပိုမြန်တော့ တခြားကား၊ အငှားကားတွေမသုံးတော့လျှင် လမ်းသေချာပေါက် ချောင် သွားပါမယ်။

စမ်းကြည့်သင့်သလို ဆွေးနွေးတာလောက်လုပ်သင့်ပါပြီ။

IDEAS rules the world…

IDEA…..IDEA.. လိုနေပါတယ်။

နောက်တခုကတော့ ကျနော်လွန်တယ်ပဲပြောပြော လက်ရှိ ယာဉ်လမ်းကြောင်းစီမံ ခန့်ခွဲတာတော့ တော်တော်လေး လိုသေးသည်ဗျာ။

ရုံးဆင်း-တက်ချိန် Rush hour မှာ.. ဥပမာ- အင်းစိန်လမ်းမပေါ်မှာ မည်သည့်ယာဉ်မှ မရပ်ရ လုပ်ရပါမည်။

နံနက်ပိုင်းဆိုမြိ့ထဲအဝင်လမ်းဘေးနဲ့ လမ်းမများပေါ် မည့်သည့် အကြောင်းပြချက်နှင့်မှ ရပ်ခွင့်မပေးရန်လိုပါတယ်။ ခရီးသည်တင်ချ တမိနစ်မှအပပေါ့။

အခုတော့..လမ်းဘေးဆိုင်တွေ၊ ဆိုက္ကား၊ တက္ကစီအပြင် ကားအစုပ် ( မောင်းမရသည်ကားစုပ်) တွေကိုပါ ရပ်ခွင့်ပေးနေတာ အတော်ညံ့တယ်ဗျာ။

ညနေရုံးဆင်းချိန် ( ညနေ ၄.၀၀ နာရီမှ ည ၈.၀၀ နာရီအထိ ) အင်းစိန်ဖက်ပြန်သည့်လမ်းပေါ် မည်သည့်ယာဉ်မှ မရပ်ရ၊ ထိုအချိန်..U Turn မလုပ်ရ စသည်တို့ ထုတ်ပြန်ထားကာ ချိုးဖောက်ပါက ဒဏ်ကြေးဖိဖိစီးစီး(သိန်းချီ)ရိုက်ရပါမည်။

ဒဏ်ရိုက်ရန် ..လူထုထံမှ ဖုန်းနှင့် ဗွီဒီယိုဖိုင်တင်လာသူ (ပထမဆုံးတက်လာသူ) ကို ဒဏ်ကြေး၏ ၁၀ % ၊ ၁၅ % ပေးမည်ဆိုလျှင်..မည်သည့်ရဲမှမလိုပါ။ ရဲဆိုတာ..လာဘ်ထိုးလို့ရတဲ့အရာ။

လူထုဝင်ငွေ (အလုပ်အကိုင်တခု) ဖန်တီးပေးရာတောင်ရောက်ပါသေး။

အချုပ်အနေနှင့် ယခုအစိုးရသစ်လုပ်ကိုင်နေတာ လိုသေးသည်။

လိုသေးသည်။ ဘတ်ဂျက်တိုးချစရာမလိုဘဲ လုပ်နိုင်သည့်နည်းလမ်းတွေကိုလည်း စဉ်းစားကြပါဦးလို့။

အားမနာနိုင်တော့ဘူးဗျာ။

ကဲ စာဖတ်သူများလည်း..မိမိတို့အမြင်လေးတွေ ပေးကြပါဦး။

********
Comments

Om Kee Moung
ဟုတ်တယ်ဆရာ စလုံးမှာ ဂုံး(ကုန်း)ကျော်၊နဲ့ ၂ ထပ်လမ်း မိုးပြန်ရထားတွေရဲ့ အောက်ခြေတိုင် တွေက သေးသေးလေးတွေ၊၊ ရန်ကုန်ကတိုင်တွေက သုံးဆလောက် ပိုကြီးနေတယ်၊ လမ်းဘေးဈေးသည်ကိစ္စရှင်းနိုင်ရင် အတော်အတန်ရှင်းပြီးသား ဖြစ်သွားမယ်ထင်တယ်။

Kyawwin Aye
ဆရာ့ပို့စ်တွေထဲမှာ တခါမှ ဝင်မရေးဘူးပါ။ အမှားပါရင်လည်းခွင့်လွှတ်ပါဆရာ ကျွန်တော်မြို့ထဲဘက်ကိုရောက်တိုင်း အမြဲစဉ်းစားမိတယ်ဆရာ၊ လမ်းပေါ်ကို အဖီထုတ်ထားတဲ့ ဆိုင်တွေ၊ လမ်းဘေးဈေးသည်တွေ၊ စည်းကမ်းမဲ့ရပ်ထားတဲ့ယာဉ်တွေကို ထိထိရောက်ရောက် ဖိဖိစီးစီးအရေးယူရင် ဒီပြဿနာ အနည်းနဲ့အများတော့ လျော့သွားမယ်ထင်တယ်ဆရာ။ နောက်တခုက လမ်းကြောင်းတူတဲ့ယာဉ်တွေကို အများကြီးမြို့ထဲဝင်ခွင့်မပေးဘဲ တနေရာမှာ transit ထားပေးရင်ရောဆရာ။ ဥပမာ ပဲခူး၊ လှည်းကူး၊ ထောက်ကြန့်၊ မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံ၊ ဝါယာလက်၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ အစရှိသဖြင့် လှည်းတန်းမှာ ဆုံကြတယ်ဆရာ။ ယာဉ်လိုင်းတွေကို အများကြီးလုပ်ပြီး ပေးဝင်နေမယ့်အစား ယာဉ်လိုင်း တလိုင်းထဲ ၅ မိနစ်ခြား ၁၀ မိနစ်ခြားလောက်လွှတ်နေရင် ဒီပြဿနာပြေလည်နိုင်မယ်လို့ တခါတလေတွေးမိတယ်ဆရာ။ ဒီယာဉ်လိုင်းကကားတွေ ခရီးသည်လုနေလို့ လမ်းတွေ နှစ်ထပ်သုံးထပ်ရပ်၊ အလုအယက်လူတင်၊ ကျန်တဲ့ယာဉ်တွေထွက်မရ၊ အကုန်ပိတ်ဆို့ ကုန်တော့တာပဲဆရာရေ။ စည်းကမ်းမဲ့ ယာဉ်မောင်းတွေလည်း ထိထိရောက်ရောက် အရေးယူရမှာဆရာ စာရှည်သွားရင်ခွင့်လွှတ်ပါဆရာ။

Kyi Hla Win
ကျွန်မ အရင်အစိုးရလက်ထက်ကတည်းက အမြဲတင်ပြလာပါတယ်။ အခုအစိုးရမဖွဲ့မီ မည်သူ့ကို မည်သည့်တာဝန်ပေးမည်မှန်းမသိမီကတည်းကလည်း တင်ပြလာပါတယ်
#အခုသက်ဆိုင်ရာဝန်ကြီးက အန်ထားတော့ ရရာလူ tag ပြီး so sorry လုပ်ပြောပြောနေရပါတယ်
၁။ အများဆိုင်ရာအားလုံး ကြိုပို့ယာဉ်စနစ် (နာမည်ကြီးကျောင်းတွေရှေ့အဆိုးဆုံး ခံစားနေရတာ)
၂။ bus အားလုံး အိုလံပစ်ကွင်းဆက်စနစ် (transit ဖြစ်လာပါတယ်)_ မိနစ်ခြား ရပ်တင်ချထွက်စနစ်
၃။ အိမ်ထောင်စုစာရင်း အိမ်လိပ်စာ တခုမှာ ယာဉ်ပိုင်ဆိုင်မှုကန့်သတ်စနစ်
၎။ အများသုံးယာဉ် 90% ကို ပုံမှန်နှင့်ကိုယ်ပိုင်ယာဉ် 10% တင်သွင်းခွင့်မှာ အခွန်မြှင့်ကောက်စနစ်
၅။ နိုင်ငံတော်ပိုင်တနေရာ(တိုက်ဆိုင်စွာမီးလောင်မင်္ဂလာဈေးလို) တနေရာမှာ နိုင်ငံတကာစံချိန်မီ အထပ်မြင့်ဆောက်ပြီး တရားဝင်ဈေး ဈေးသည်များနှင့် လမ်းဘေးခွင့်ပြုမိန့်ရှိပြီးဆိုင်များကို ဦးစားပေး၊ အခြားလုပ်ကိုင်လိုသူများတို့ကို တစုတစည်းတည်း class ခွဲခြားနေရာချထားပြီး လမ်းဘေးနှင့် လူနေအိမ်ခန်းမှန်သမျှ ဈေးသည်မရှိစေရေးစနစ်
ဥပမာ ။ ။ တောင်ဥက္ကလာသုမင်္ဂလာလမ်းမ ၁၄/၁၅ လမ်းဆုံလမ်းခွမှာ ဥက္ကလာဘက်ခြမ်းပန်းခြံ ၂ ခုကို ဖျက်သိမ်းပြီး ယာဉ်မရပ်သလောက်နီးပါး ယာဉ်ရပ်နားစခန်း ၂ ခုဆောက်ထားတဲ့အစား
နိုင်ငံတကာအဆင့်မီ အထပ်မြင့်ဆောက်ပြီး ၁၀ ရပ်ကွက်ဈေး၊ ရတနာဈေး၊ ထန်းသုံးပင်ဈေး၊ နန္ဒ၀န်ဈေးများနေရာချပေးလိုက်တာနဲ့ ဈေး ၄ နေရာလွတ်လာပြန်ရော
သင်္ကန်းကျွန်းဘက်တနေရာက ပုဂ္ဂလိကပိုင် KTV တနေရာက မူလက ရတနာလမ်းတို့ချဲ့ စီမံကိန်း ကာလက လမ်းတံတားစတိုရုံး။ နောက်ဆက် နေနေတဲ့ဝန်ထမ်းကို မြို့တွင်းရယ်၊ ရန်ကင်းရယ်၊ တိုက်ခန်း၂ ခန်းပေးဖယ်ပြီး မကြာမီ သင်္ကန်းကျွန်းပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးခင်ဝေညီမ ပိုင်လို့ အသံထွက်လာပြီး အမှုအခင်းဖြစ်သံ ကြားရတာ အခုထိကွက်လပ်။
၆။ နိုင်ငံတကာစံချိန်မီအဆင်သင့်မဖြစ်သေးတဲ့လမ်းတံတားစနစ်တွေနဲ့ နိုင်ငံတကာစံချိန်မီကားတွေ သွင်းပြီး ပြောင်းလဲဖို့ကြိုးစားဆဲကာလမှာ ရှိရင်းလမ်းယာဉ်တွေကို စည်းကမ်းစနစ်ဝင်လာအောင် အရင်လုပ်ရင် အခုလောက်ကြာခဲ့တဲ့အစိုးရသစ်ကို အခြေခံလူတန်းစားအားလုံးက ကျေးဇူးတင်မဆုံးဖြစ်ရမှာပါ။ အခုတော့ အိမ်နဲ့အသွားအပြန်လမ်းပေါ်ယာဉ်ပေါ်မှာ ကိုယ်စိတ်နှစ်ပါးလုံး ပင်ပမ်းဆင်းရဲစွာ✖ ✖ ✖ ✖ ✖

Htet Myat
ကျွန်တော်တို့အမြင်ကိုပြောရရင်တော့ တကယ်ကိုလိုသေးတယ်။ အတွေးအခေါ်ပိုင်း၊ စဉ်းစားပုံ စဉ်းစားနည်းတွေ လိုနေတာအမှန်ပါ။ တကယ်အမှန်ပါ။ နှစ်ပေါင်းများစွာနောက်ကျနေတဲ့ အတွေးအခေါ်တွေကို ရပ်တန့်သင့်ပါပြီ။ ပြဿနာအဟောင်းကြီးတခုကို ဖြေရှင်းနည်း အဟောင်းကြီးနဲ့ပဲ လက်ရှိအစိုးရက ဖြေရှင်းနေတဲ့ပုံဖြစ်နေတယ်။ ပြဿနာအဟောင်းကြီးကို နည်းလမ်းအသစ်တွေနဲ့ပြေလည်အောင် ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားရမှာပါ။ ဘယ်အစိုးရတက်တက် ဆွေးနွေးတိုင်ပင်ညှိနှိုင်းအဖြေရှာတဲ့နေရာမှာ တကယ့်တတ်သိနားလည် ကျွမ်းကျင်တဲ့ ပညာရှင်တွေရှိနေတာကိုမသိလို့လား။ တမင်မသိချင်ယောင်ဆောင်နေကြတာလား၊ တိုင်းပြည်ကဏ္ဍအသီးသီးကိုပြန်ကြည့်လိုက်ရင် ထူးဆန်းတာတွေအများကြီးတွေ့ရတယ်။ နောက်တချက်ထူးဆန်းတာက တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ပုံစံဟာ ပညာသားပါပါဖြစ်နေပြီ။ အဲ့ဒီအချက်ကိုအားလုံးသတိရှိရှိနဲ့ အထူးအလေးထား စဉ်းစားရမဲ့အချိန်ဖြစ်နေပြီလို့ထင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး၊ နိုင်ငံရေးအားလုံးတို့ဟာ စနစ်တကျ ကို ဖျက်ဆီးခံနေရတယ်လို့ခံစားနေရတယ်။ ဘယ်သူတွေလက်ချက်လဲ၊ နောက်ကွယ်က ဘယ်သူတွေရှိနေလဲ၊ ဘာသာရေးကို ကိုယ်ဘာသာဝင်တွေကိုယ်တိုင်ဖျက်ဆီးနေတယ်။ ဒါဟာ ထူးဆန်းတယ်။ စီးပွားရေး၊ နိုင်ငံရေးလည်း ဒီအတိုင်းပဲဖြစ်နေတယ်။ သိပ်ကိုထူးဆန်းနေပြီ။ သိသင့်သလောက်သိနေကြတာလည်း ရှိနေပြီ။ အချိန်မှီညီညီညွတ်ညွတ်နဲ့ အပြီးသတ်တိုက်ပွဲဝင် ရမဲ့ကိန်း ဆိုက်နေပြီ။ တကယ်ပြောတာပါ။ ခေါင်းအေးအေးထားပြီး အချိန်ခဏပေးပြီး ပြန်စဉ်းစားကြပါ။ လူမျိုးရော၊ဘာသာရော၊ နိုင်ငံရော ပျောက်သွားမယ်နော်။ တိုင်းပြည်အုပ်ချုပ်တဲ့သူတွေ စဉ်းစားကြပါ။ ညီညီညွတ်ညွတ်လုပ်ကြပါ။

Myo Aung
လမ်းဘေးဈေးသည်များ ကားလမ်းမပေါ် ဆိုင်ခင်းရောင်းချနေတာ အရေးယူရပါမယ်။ တရုတ်တန်းနဲ့လသာလမ်း မဂိုလမ်းတို့မှာပါ။ Taxi နဲ့ Bus ကားမောင်းတဲ့သူတွေ တန်းမစီဘဲ ကျော်တက်ပြီး လမ်းပြောင်းပြန်မောင်းနေတာတွေ ထိရောက်စွာ အရေးယူရပါမယ်။ ကမ်းနားလမ်းနဲ့ ပါရမီလမ်းတွေမှာနေ့တိုင်းတွေ့နေရတယ်။ အချက်ပြမီးပွိုင့်ရဲ့ timing လုံးဝမှားယွင်းနေပါတယ်။ တချို့မီးပွိုင့်တွေ အစိမ်း ၅ မိနစ်မှ ၇ မိနစ်ထိ ဆက်တိုက်ပေးထားတာကြောင့် တဖက်ယာဉ်ကြောမှာ ကားစုပုံသွားစေပါတယ်။ ၄၅ ယောက်စီး ဘတ်စ်ကားများအား မြို့တွင်းခြောက်မြို့နယ်ပေးမဝင်သင့်ပါ။ ယင်းအစား mini bus များ သုံးစွဲသင့်ပါတယ်။ ၂ ထပ်ဂုံး(ကုန်း)ကျော်တံတားများ ဆောက်မည်ဆိုပါက crony company များကိုမပေးဘဲ နည်းပညာမြင့်ဆောက်လုပ်နိုင်သော နိုင်ငံခြား company များသာ ပေးသင့်ပါတယ်။ အချိန်တိုတိုနဲ့ပြီးနိုင်သလို နေရာအများကြီးမယူတဲ့အတွက် ယာဉ်ကြောပိတ်ဆို့မှု သက်သာပါမယ်။ မီးပွိုင့်တိုင်းမှာ cctv ကင်မရာများ တပ်ဆင်သင့်ပါတယ်။ တခြားအချက်များ ရှိနေနိုင်ပါသေးတယ်။ ခေါင်းထဲပေါ်သမျှ ချရေးလိုက်တာပါဆရာရေ။ ဆရာရေးထားတာ အားလုံးလည်း လက်ခံသဘောတူပါတယ်။

Khin Mg Than
လိုင်းကားစနစ်ပြောင်းနိုင်ရင်တောင် လမ်းအတော်ချောင် သွားနိုင်ပါတယ်။ လိုင်းကားမောင်းသူတွေ တနေ့ဘယ်လောက်အပ်ရမယ့်စနစ်အစား လစာဖြင့်သာခန့်ထားပါက မှတ်တိုင်တိုင်အကြာကြီး ရပ်ခြင်း၊ လမ်းဆုံလမ်းခွကျောက်ချရပ်ခြင်းများ ပျောက်သွားကာ စည်းကမ်းနှင့်အညီ မောင်းပါလိမ့်မည်။ လမ်းပါဝါများကို အပြည့်အဝအသုံးချနိုင်အောင်လည်း လုပ်ရပါမည်။ ၆ လမ်းသွား ၆ စီး တပြိုင်ထဲသွားနိုင်အောင် ၂ လမ်းသွား၂ စီးတပြိုင်ထဲသွားနိုင်အောင် လမ်းဘေး ရပ်ယာဉ်များဈ ဈေးသည်များအား ရှင်းရန်လိုပါသည်။ ရန်ကုန်ရှိလမ်းဧရိယာအရ လက်ရှိကား အရေအတွက်သည် များသည်မဆိုနိုင်ပါ။ ကားပါကင်မရှိ၍ လမ်းပေါ်ကားရပ်ရခြင်းကြောင့်လည်း လမ်းကိုအပြည့်အဝ အသုံးမပြုနိုင်ခြင်းမရှိတာလည်း ပါပါတယ်။
ဗဟိုချက်ဖြစ်နေသောအရာများကိုလည်း ခွဲထုတ်ပစ်သင့်ပါတယ်။ ဥပမာ မင်္ဂလာဈေး၊ သီရိမင်္ဂလာဈေး၊ စံပြငါးဈေး။

M Zaw Aung
သိပ်ကောင်းပါတယ်။ Proper Procedure နဲ့ ရန်ကုန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ကို တင်ပြဖို့လိုပါတယ်။

* လိုက်နာနိုင်တဲ့ Feasible System နဲ့ Law Enforcement လုပ်ရပါမယ်။

* မိတ္တူကို ဝန်ကြီးချုပ် စည်ပင်ဂန်ကြီးတွေလည်း ပေးရပါမယ်။ ရန်ကုန်မြို့လယ် လွှတ်တော် ကိုယ်စားလှယ်အားလုံးပါပြီး ရန်ကုန်တိုင်းလွှတ်တော်အထိ ထပ်မံ (ထပ်မံ) အဆိုတင်သွင်း ဆွေးနွေစေရပါမယ်။ Continuous Improvement.

* အချိန်ပေးနိုင်ရင် နောက်တခေါက်ပြန်လာတွေ့၊ လူကိုယ်တိုင်ပြောပြ၊ အကြံပြုစာလည်း ပေးပေါ့။

မြို့ထဲက လူတွေတော့ ကားကြပ်တာ immune အသားကျသွားပါပြီ။ ဘတ်စကားက ပိုမြန်တယ်။

End. .


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “Billy H. Mackenzie – ရန်ကုန်မှာ..၂ ထပ်လမ်းနှင့် စဉ်းစားစရာများ
  1. မနက် ၇ နာ၇ီ မှ ညနေ ၄ နာ၇ီ ထိ ကုန်တင်ကုန်ချ ခွင့်မပြုသင့်ပါ

Comments are closed.