သူတို့အာဘော် မောင်မိုးသူ

ပြည်တွင်းမှာ ဘာတွေ ပြင်ထားပြီးပြီလဲ နှင့် ဘကြီးမိုး


ပြည်တွင်းမှာ ဘာတွေ ပြင်ထားပြီးပြီလဲ နှင့် ဘကြီးမိုး 

(ကုမုဒြာဂျာနယ်၊ စက်တင်ဘာ ၂၁ ထုတ်) မိုးမခ၊ စက်တင်ဘာ ၂၈၊ ၂၀၁၆

မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ် နှံမှုများအနက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အများဆုံး ဖြစ်ပါတယ်။ ဒုတိယကတော့ အာဆီယံနိုင်ငံများဖြစ်တဲ့ စင်ကာပူနဲ့ထိုင်း တို့ ဖြစ်ပါတယ်။

တရုတ်က သတ္တူုတူးဖော်ရေးအပြင် ကြေးနီက လက်ပံတောင်းတောင်၊ နီကယ်က တကောင်းမှာ လုပ်ကိုင်ပြီးဖြစ်သလို ကျောက်ဖြူ ရေနက်ဆိပ်ကမ်းလုပ်နေတာ ရှိသလို ကျောက်ဖြူမှ သဘာဝဓာတ်ငွေ့ကို ပိုက်လိုင်းနဲ့ ယူနန်ကိုသယ်ပို့နေပြီး ဖြစ်ပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းအဖြစ် သံလွင်ပေါ်မှာ တော်တော်များများရှိသလို ဧရာဝတီပေါ်မှာ မြစ်ဆုံရှိနေပြီး ပြဿနာ အကြီးအကျယ်ပေါ်နေတာ ဖြစ်ပါတယ်။ အဲဒါတွေက အကြီးစားတွေဖြစ်ပါတယ်။ အသေးစားတွေကတော့ အထည်ချုပ်တို့၊ စားသောက်ကုန်ထုတ်လုပ်မှုတို့၊ ဆေးဝါး ထုတ်လုပ်မှုတွေမှာလည်း ရှိပါတယ်။

အကုန်လုံးကို ခြုံငုံကြည့်လိုက်ရင် ဘာတစ်ခုမှ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ဘကြီးမိုးတို့ မြန်မာနိုင်ငံကတော့ မိအေး နှစ်ခါနာမက သုံးခါလေးခါနာတာချည်းပဲ ခင်ဗျ။ ဒါတွေအားလုံးဟာ အရင်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့ကြတဲ့ လုပ်ငန်းတွေ ဖြစ်လို့ပါပဲ။ ယခုအစိုးရလက်ထက် စီမံကိန်းဝန်ကြီးဌာနက အရင်အစိုးရလက် ထက်က ချမှတ်ခဲ့တဲ့ စီမံကိန်းတွေအတွက် အကြွေးဆပ်လို့ကို မဆုံးနိုင်ဘူးလို့ ထုတ် ဖော် ပြောဆိုတာကိုလည်း ကြားနေရပါတယ်။
ယခင်အစိုးရလက်ထက် တရုတ်နဲ့ မြန်မာစီးပွားရေးလုပ်ဆောင်မှုတွေဟာ လုံးဝ တစ်ဖက်စီးနင်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံက ဘာမှ မရဘဲ တရုတ်က အများကြီး ရတာပါ။ ဥပမာ လက်ပံတောင်းတောင်ကို ကြည့်ပါ။ လက်ပံတောင်းတောင်မှာ ဝမ်ပေါင်က အများကြီး အများကြီးရပြီး ဦးပိုင်က မဖြစ်စလောက် ရခဲ့တာကို မူရင်းစာ ချုပ်အရ တွေ့သိခဲ့ရပြီး စုံစမ်းရေးကော် မရှင် အစီရင်ခံစာထွက်ပြီးမှ ၆၀/၄၀ ရာ ခိုင်နှုန်း လောက် ပြောင်းလဲခဲ့တယ်လို့ သိရပါတယ်။
မြန်မာက ရသင့်ရထိုက်တဲ့ အကျိုးအ မြတ် အချိုးအစားတွေက ဘယ်အိတ်ထဲ ရောက်သွားသလဲ မသိတော့ပါဘူး။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ။ ဒီမိုကရေစီ အစိုးရသစ်တက်လာပြီး မြန်မာနိုင်ငံ ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် တရုတ်ပြည်သွား၊ တရုတ်ခေါင်း ဆောင်များနဲ့ တွေ့ဆုံညှိနှိုင်းရာက နှစ်နိုင်ငံစီးပွားကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ဆေးရုံ နှစ်ရုံ၊ တံတား နှစ်စင်း ပေးလှူခဲ့တဲ့အပြင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာလည်း တရုတ်က မြန်မာအစိုးရကို ကူညီလုပ် ဆောင်ပေးမယ့်အကြောင်းကတိပေးပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အီးဂါး ဗားမန့်ဖြစ်မြောက်ရေးကိုလည်း တရုတ်ဟွာဝေးက လုပ်ဆောင်ပေး မယ်လို့ ဆို ထားတာရှိပါတယ်။

ဒါတွေ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို မသွားမီက ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ရောက်ပြီး သမ္မတအိုဘားမား နဲ့ တွေ့ဆုံတဲ့အခါ သမ္မတအိုဘားမားက မြန်မာနိုင်ငံပေါ် နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေး ပါမယ်လို့ ဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်ကလည်း အားလုံးဖြေလျှော့ဖို့ အချိန် တန်ပါပြီလို့ ပြောခဲ့တဲ့အပြင် ဒေါ်အောင် ဆန်းစုကြည်ဟာ ပိတ်ဆို့မှုများတင်သွင်းခဲ့ တဲ့ အထက်အောက် လွှတ်တော်အမတ် များနဲ့တွေ့ဆုံ ကျေးဇူးတင်စကားပြောခဲ့တဲ့ အပြင် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း မြန်မာပြည်ကို လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ လာဘ်ပေးလာဘ်ယူနဲ့ နားလည်မှုမျိုး လုပ် လို့တော့ မရနိုင်ဘူးလို့ ပြောခဲ့တယ်လို့ ဆို ပါတယ်။ အမေရိကန်လုပ်ငန်းရှင်တွေကို ကြိုတင်ဟန့်တာလား၊ ကိုယ့်လူတွေကို စိတ်မချတာလားတော့ ဘကြီးမိုး မပြောတတ်ဘူးခင်ဗျ။

ဘာပဲပြောပြော အမေရိကန်ရဲ့ဖြေ လျှော့မှုမှာ အထူးကုန်သွယ်မှု ကင်းလွတ်ခွင့် GSP လည်း ပါတယ်ခင်ဗျ။ အဲဒါက တော့ အဓိကအားဖြင့် အထည်ချုပ်တွေအတွက် အရေးပါတာပေါ့ခင်ဗျ။ ယခု မြန်မာ နိုင်ငံ မှာ လုပ်ရတဲ့ အထည်ချုပ်လုပ်ငန်းမှန် သမျှ စင်ကာပူမှတစ်ဆင့်လုပ်ရတာဖြစ်ပြီး အထူးကင်းလွတ်ခွင့် GSP မရဘူးခင်ဗျ။ တကယ် လို့ ဃဆဖ ရသွားမယ်ဆိုရင် မြန်မာနိုင်ငံ စက်မှုဇုန်များက အထည်ချုပ်သတ်သတ်၊ စားသောက်ကုန်သတ်သတ်လုပ်ကြဖို့ စီစဉ်နေတဲ့အကြောင်း ကြားရပါ တယ်။

ဒါ GSP ကိစ္စပေါ့နော်။

နောက်အရေးကြီးတဲ့ကိစ္စက ရင်းနှီး မြှုပ်နှံမှု ဥပဒေတွေရှိနေဖို့ပဲလေ။ ဒါတွေကို ပြင်ဆင်ထားဖို့ လိုတာပေါ့လေ။

နောက်ပြီး ကျွမ်းကျင်လုပ်သားတွေ အာဆီယံအဆင့်တွေ ရှိနေဖို့ သင်ကြား ထုတ်လုပ်ပေးဖို့လည်း လုပ်ထားဖို့ လိုတာပဲ ခင်ဗျ။

ထိုနည်းအတူ လမ်းပန်းဆက်သွယ်ရေးနဲ့ စွမ်းအင်တွေ ပြည့်ပြည့်ဝဝပေးနိုင်ဖို့ လည်း လိုတာပဲခင်ဗျ။

ဒါတွေကော လုပ်ထားပြီးပြီလား။ လုပ်ဖို့ကော စီစဉ်နေကြပြီလား။စီမံကိန်းဝန်ကြီး ဌာနကတော့ အရင်အစိုးရလက်ထက်က ချ မှတ်ခဲ့တဲ့ စက်မှုစီမံကိန်းတွေဟာ မအောင် မြင်တဲ့အပြင် အကြွေးတွေကို ဆပ်လို့မကုန် နိုင်ဘူးလို့ တစ်လောက သတင်းထုတ်ပြန်တာလည်း ဖတ်ရတယ်ခင်ဗျ။

သည်တော့ ဘကြီးမိုး ပြောချင်တာက ပြည်ပသွားတဲ့သူကတော့ ရနိုင်တာ ရသင့်တာတွေ အရယူပေးခဲ့ပါပြီ။ အဲဒါတွေ ရောက်လာရင် ရလာရင် သည်ပြည်တွင်းက ပြင်ဆင်မှုတွေ လုပ်နေကြပြီလား၊ လုပ် ထားကြရဲ့လား ဆိုတာပဲခင်ဗျ။

ဘာပဲပြောပြော ရောက်လာတော့မယ် ဆိုရင် လိုအပ်တာမှန်သမျှ ပြင်ဆင်လုပ်ဆောင်ကြရမှာကတော့ မလွဲမသွေပေါ့ခင်ဗျ။

ပြည်တွင်းမှာ ဘာတွေပြင်ဆင်ထားပြီးပြီလဲနှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts