ကဗျာ စိုးနေလင်း

စိုးနေလင်း ● မျက်စိတမှိတ် စိတ်တပျက်

စိုးနေလင်း ● မျက်စိတမှိတ် စိတ်တပျက်
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆

ခုထိလည်း…
ကျားသနားမှနွားချမ်းသာ
ကျားဥပုသ်စောင့်မှာကို မျှော်လင့်နေတုံး
ကျားဆွဲကောင်းအောင် နွားကွဲနေတုံး
ကျား ကျား မီးယပ် ဖြစ်နေတုံး
ကျားတောပြောင်းဖို့ ဖြားယောင်းကောင်းတုံး
ကျားရဲရာ ကြမ္မာ မယိုးသာ ဖြစ်နေတုံး…
ကြား ကြားသမျှ …..
အမျှ ယူကြဖို့သာ ကြိုးပမ်းနေသူတွေက
ဒါတို့ပြေ …ဒါတို့မြေ ဖြစ်နေကြတုံး…

“အားလုံးကောင်းပါတယ် ဆရာကြီး” တွေ များနေဆဲကာလ
ကျားငစဉ်းလဲ မင်းမူဆဲ ကာလ
အကာလ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts