နိုင်ငံတကာရေးရာ

ဧရာဝတီတိုင်းရေဘေးသင့် ပြည်သူများအတွက် ဆန်ဖရန်ဘေး မြန်မာတို့ အလှူငွေ ပေးအပ်

ဧရာဝတီတိုင်းရေဘေးသင့် ပြည်သူများအတွက် ဆန်ဖရန်ဘေး မြန်မာတို့ အလှူငွေ ပေးအပ်
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆

စက်တင်ဘာ ၁၄၊ ဧရာဝတီတိုင်းဒေသကြီး၊ ၀န်ကြီးချုပ် ရုံးမှာ ဒေသတွင်းက ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ဒေါ်လာ ၁သောင်း ၁ ထောင် ၅၀၀ ကို ဆန်ဖရန်စစ္စကိုဘေးဧရိယာနေ မြန်မာတိုင်းရင်းသားတို့ကိုယ်စား ဒေါက်တာ မောင်မောင်သော်၊ ဒေါ်နီနီသော်တို့က သွားရောက် လှူဒါန်းခဲ့ပါတယ်။ ယခင်ကလည်း မကွေးတိုင်းဒေသကြီး အစိုးရရုံးမှာ ညီမျှသော ရေဘေးအကူ အလှူငွေများကို ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ အလှူငွေများမှာ သြဂုတ် ၂၁က အမေရိကန် အနောက်ခြမ်း ဆန်ဖရန်ဘေးဧရိယာနေ မြန်မာတိုင်းရင်းသားတွေက ကိုယ်ထူကိုယ်ထ ဈေးရောင်းပွဲ ကျင်းပပြီး စုဆောင်းရရှိတဲ့ အလှူငွေ အားလုံး ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts