ကဗျာ သန်းဌေးမောင်

သန်းဌေးမောင် – ကြာသော သောကြာ

 သန်းဌေးမောင် – ကြာသော သောကြာ
(မိုးမခ) စက်တင်ဘာ ၉ ၊ ၂၀၁၆ဘယ်တောအုပ်
ဘယ်တောင်တန်းကိုပဲဖြစ်ဖြစ်
ဖြတ်ကျော်မိတဲ့အကြိမ်တိုင်း
ဥသြတွန်သံ၊ ချိုးကူသံ
ကျေးငှက်တို့တေးဆိုသံ
ထင်းရူးတောအုပ်ကို လေတိုးသံ
သစ်ရွက်ကြွေသံ
မာယာများသတဲ့လား
အိတ်ဇစ်တွေ ဘယ်လိုမှားမှား
လမ်းပြမြေပုံကဘယ်ကိုပဲ ဆွဲခေါ်ခေါ်
သူဆိုညည်းနေကျ
တိုးတိုးအုပ်အုပ် သီချင်းသံလေးပဲ
နားထောင်လို့ကောင်းတယ်
ခွင့်ပြုတဲ့ မိုင်နှုန်းထက် ပိုပိုသာသာ
ငါ့စိတ်တွေ ပိုစောလို့
တိမ်တွေ ပြေးဆော့ချင်ဆော့ မဆော့ချင်နေ
ကောင်းကင် ပြာချင်ပြာ မပြာချင်နေ
မော့ကြည့်မနေတော့ဘူး။

သန်းဌေးမောင်
9.9. 2016 သောကြာ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts