ကဗျာ

ဒိုရာ (Dora) ● ငြိမ်းချမ်းရေး

ဒိုရာ (Dora)  ● ငြိမ်းချမ်းရေး
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၆

ကလေးတွေ
စစ်တိုက်တိုင်းမကစားတော့ဘူးအချစ်ရယ်။

တယောက်နဲ့တယောက်
ငြင်းခုံ စိတ်ကောက်
သစ်ကိုင်းခြောက်လေးတွေ လွှတ်ချလိုက်တယ်။

တနေ့
ကြည်လင်သန့်ရှင်းတဲ့
မနက်ခင်းအခန်းလေးထဲ သူတို့ပြုံးပျော်နေတာ
ကိုယ်တွေ့ခဲ့ရဲ့။

အရောင်ခြယ်စာအုပ်လေးတွေရှေ့
လက်နက်ချထားကြတာလေ…
အချစ်ရေ…
တယောက်ပုံလေးတွေတယောက်ကြည့်
သူတို့ပျော်လို့ရွှင်လို့ပေါ့…

ဒိုရာ (Dora)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts