ကဗျာ

အေအမ်တီ ● တွဲပွန်း



အေအမ်တီ ● တွဲပွန်း

(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၆
ရုတ်တရက်
လမ်းမပေါ်ပြေးတက်လာတဲ့
စက်တင်ဘာဟာ
အရင်လိုအဖွင့်မျိုး မဟုတ်ခဲ့ဘူး
သက္ကရာဇ်ရွှေ့ကွက်တွေမှာ
ငါတို့ ပွန်းတွေ တလုံးပြီး တလုံးကျ
နောက်ဆုံး
ကွင်းနဲ့ မြင်းပါ လှုပ်မရတဲ့အချိန်
မထင်တဲ့နေရာက ဘစ်ရှော့ထွက်လာခဲ့ပေါ့

“ချက် (စ်) ” …
“ဖွင့်ချက် (စ်) ”….

တဘက်က အာဏာ
တဘက်က မေတ္တာ
စက်တင်ဘာထဲမှာ
ပါဝါချင်း ထိုးလဲခဲ့ကြတယ်
သိပ်လှမယ့် အန်းဂိမ်း
တွဲပွန်း သိပ်စကားပြောသွားပြီ …။   ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts