သူတို့အာဘော် မောင်မိုးသူ

မန္တလေး မန္တလေး ကျွန်တော်တို့ ရွှေ မန္တလေး နှင့် မောင်မိုးသူ

မန္တလေး မန္တလေး ကျွန်တော်တို့ ရွှေ မန္တလေး နှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်၊ သြဂုတ် ၁၂၊ ၂၀၁၆) မိုးမခ၊ သြဂုတ် ၃၁၊ ၂၀၁၆

သည်ခေါင်းစဉ်ရဲ့ စာသားအပြည့်အစုံ က “မန္တလေး၊ ကျုပ်တို့ ရွှေမန္တလေး ချမ်း အေး ပူအိုက် အောက်သူတွေ လိုက်ခဲ့ရ မယ်မောင်တင်မဆို” ဆိုတဲ့ နန်းတော်ရှေ့ ဆရာတင်ရဲ့ “ရွှေမိုးညို” သီချင်းပါ။ ခုတစ်လော ရန်ကုန်မှာ မိုးတွေက မပြတ်ရွာတော့ “ရွှေ မိုးညို˘သီချင်းလည်း သတိရ မန္တလေးလည်း လွမ်းပေါ့ခင်ဗျ။

မန္တလေးဆိုတာ မောင်မိုးသူ မွေးတဲ့မြို့၊ ငယ်စဉ်ကနေခဲ့တဲ့ စိန်တောင်ဘုန်းတော်ကြီးကျောင်းနဲ့ စိန်ပီတာ အင်္ဂလိပ်ဘုန်း တော်ကြီးကျောင်းများရှိတဲ့အရပ်၊ မောင်မိုး သူ တက်ခဲ့တဲ့ မန္တလေးတက္ကသိုလ်ရှိတဲ့ အရပ်ပေါ့။
အရင်ကတော့ မန္တလေးမှာ အမေနဲ့ အစ်မရှိလို့ ခဏခဏရောက်ခဲ့သလို စာပေအမေဖြစ်တဲ့ လူထုဒေါ်အမာ ရှိစဉ်က အမြဲ ရောက်ပေါ့။ ဒေါ်ဒေါ် ပြင်ဦးလွင်သွားပြီး အပူရှောင်နေလည်း မောင်မိုးသူက လိုက်တာပဲခင်ဗျ။ ဒေါ်ဒေါ်ဆုံးတော့ မောင်မိုးသူ ဒေါ်ဒေါ်နားမှာ ရှိပါတယ်။ ဒေါ်ဒေါ်ဆုံးပြီး ကတည်းက မန္တလေးလည်း သိပ်မသွားချင်တော့ဘူးခင်ဗျ။

မောင်မိုးသူ မန္တလေးကိုမှတ်မှတ်ရရနောက်ဆုံးရောက်ခဲ့တာကတော့ မန္တလေးတက္ကသိုလ်အဓိပတိဆရာကြီး ဦးကိုလေးရဲ့ ရာပြည့်ပွဲမှာ ကျောင်းသားဟောင်းသုံးဦးဖြစ်တဲ့မောင်သာနိုး၊ မောင်သိန်းနိုင်နဲ့ မောင်မိုးသူတို့သွားရောက်
ဟောပြောခဲ့ကြ တာဟာ နောက်ဆုံးအခေါက်ပဲ ထင်ပါ ရဲ့။

မန္တလေးမှာလုပ်တဲ့ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကဖိတ်လည်း မသွားဖြစ်။ ကိုလေးရဲ့ ၈၀ ပြည့်မွေးနေ့က သြဂုတ် လ ၁၁ ရက်နေ့ အမရပူရ တောင်လေးလုံးမှာ လုပ်မှာတဲ့။ သူ့စာအုပ်မှာ ဆောင်းပါး ရေးပေးတာကလွဲရင် ပွဲကိုတော့ မလိုက် နိုင်ပါ။ သည်ရက်တွေထဲမှာ ရန်ကုန်မှာ မိုးကအဆက်မပြတ်ရွာသွန်းနေလေတော့ ဆရာတင်ရဲ့“ရွှေမိုးညို” သီချင်းပဲ အော် အော်ပြီး ဆိုချင်နေမိပါတယ်။ သည်သီချင်းကသည်လိုပါ။

“မိုးတွေကညို x x ရွာမလိုလိုနဲ့ x နန်း တော် ရှေ့ကို လွမ်းရမယ့်သဏ္ဍန်ပုံလို x x လွမ်းတာနဲ့ အသံကုန်ဆို x x ရန်ကုန်မြို့ အတွင်း x x ကိုယ့် သီချင်းလေးကိုယ်ရေးလို့ဆိုx x
ရန်ကုန်မှာ မပြတ်နေပါတယ် x x နတ်ပြည်ကြီးလို့ ဆိုကြပါစို့ x x ဟိုပန်းခြံအတွင်းဝတိံကြီးလိုကွယ် x x အင်္ဂလိပ် ဘင်သံတွေက လေချိုချို x x ကျုပ်တို့ ဗေတို့ဗိုလောက် နားမှာမစွဲပေါင်ဗျို x x
ပြန်တော့မယ် x x မောင်တင် ပြန် တော့ မယ်နဲ့ x ကွမ်းခြံဘူတာမှာတောင်လက်မှတ်များပင်ဝယ်ထား x x ပုဇွန်တောင် ကြည့် မြင်တိုင်သားတွေက တားပြန်ပါသ ကို x x ပတ်ဗေတို့ဗိုxx အို ရွှေမိုးညိုxx˘
သည်ရွှေမိုးညိုသီချင်းကို ကြိုက်လွန်းလို့ ဆရာတင်ရဲ့သား ရွှေနန်းတင်ဆီကခွင့်တောင်းပြီး မောင်မိုးသူရဲ့ရုပ်ရှင်ဇာတ်ကား“တကယ်ချစ်ရဲ့လား”မှာ မင်းသားဇော်လင်းအတွက် ဇော်မင်းလေးက သီဆို ပြီး ရုပ်ရှင်ဇာတ်ဝင်သီချင်းအဖြစ် အသုံးပြုဖူးပါတယ်။

မြို့တော် ရန်ကုန် အနုပညာ နယ်ထဲကို ခြေချလာတဲ့ အနုပညာ သမား တစ် ယောက် အနုပညာလောကရဲ့ ဒဏ်ကို မခံနိုင်တော့ဘဲ ကိုယ့်မြို့ ကိုယ့်ရ∑ာပဲ ပြန် တော့မယ်ဆိုတဲ့ နေရာမှာ ဇာတ်ဝင်သီချင်း အဖြစ် အသုံးပြုပါတယ်။
အခုလည်း မန္တလေးမှာမွေး၊ မန္တလေးမှာကြီး။ အဲသည်မှာတင်…
ရန်ကုန်မှာ မပြတ်နေပါတယ် x
နတ်ပြည်ကြီးလို့ ဆိုကြပါစို့ x
ကိုယ့်မြို့ကိုယ်တော့ လွမ်းသေးတယ် ဗျို့ x ဟိုပန်းခြံအတွင်းဝတိံကြီးလိုကွယ်x။
အင်္ဂလိပ်ဘင်သံတွေက လေချိုချိုx ကျုပ်တို့ ဗေတို့ဗိုလောက် နားမှာ မစွဲပေါင်ဗျိုတဲ့လေ။
ဆရာတင်တို့ခေတ် မဟာဗန္ဓုလ ပန်းခြံထဲမှာ စနေ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ဖျော်ဖြေရေးတီးဝိုင်း ရှိပါသတဲ့။ ဒါကြောင့် ဆရာတင်က ဟိုပန်းခြံအတွင်း ဝတိံကြီးလိုကွယ် အင်္ဂလိပ်ဘင်သံတွေကလေချိုချို ကျုပ်တို့ဗေတို့ဗိုလောက် နားမှာ မစွဲပေါင်ဗျို ရွှေမိုးညို။
ဟုတ်ပါတယ်။ ရန်ကုန်ခေတ်ပေါ် တေးဂီတမှာ ဟစ်ဟော့ပ်တို့ဘာတို့ညာတို့ ခေတ်စားပြီး စကားပြောသလို၊စကားပြောကြတာကလည်း စက်သေနတ်ပစ်သလို ပြောကြဆိုကြတာတွေကို တေးဂီတအဖြစ် သီကြဆိုကြတော့ မောင်မိုးသူတို့လို အဘိုး ကြီးတွေက နန်းတော်ရှေ့ဆရာတင်တို့၊ မြို့မငြိမ်းတို့နဲ့ ကြီးလာတဲ့လူတွေ နားထဲမှာ ကန့်လန့်ကြီး ဖြစ်နေတာပေါ့လေ။ သီချင်း ဆိုရင် ကိုယ်တိုင်လည်း လိုက်ပြီး ညည်းမိ ဆိုမိရမှ နားစွဲတာ၊ ကောင်းတာလေ။ ခု တော့ ကလေးတွေ သီကြဆိုကြတာက ဆူညံပြီး နားထောင်ရတာ ခက်ပါတယ်။

တစ်ခါက ခေတ်ပေါ်တူရိယာဝိုင်းက ကလေးတွေက သူတို့ရဲ့တီးဝိုင်း စင်တင် ဖျော်ဖြေပွဲမှာ လာရောက်နားထောင်ဖို့ မောင်မိုးသူကို ဖိတ်ကြားပါတယ်။ မောင်မိုးသူဟာ လူကြီးလည်း လူကြီး၊ ဧည့်သည်အ ဖြစ် ဖိတ်ကြားခံရသူလည်း ဖြစ်လေတော့ ရှေ့ဆုံးတန်းက ဆိုဖာပေါ်မှာ နေရာချထား ပေးပါတယ်။

စတင်ဖျော်ဖြေကတည်းက သူတို့ရဲ့ ခေတ်ပေါ်စပီကာကြီးတွေရဲ့ အသံထုတ်လုပ်မှု အင်အားက ကြီးမားပြင်းထန်လွန်းလို့ ဘေ့စ်တစ်ချက်ခေါက်တိုင်း ရင်ထဲမှာ တဒုန်းဒုန်းပေါက်နေတော့ ကလေးတွေကို တောင်းပန်ပြီး စင်နောက် ဘက် စပီကာရဲ့ ကျောဘက်ကို သွားနားထောင်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ။ မောင် မိုးသူရဲ့ သားသမီးတွေ၊ မြေးတွေကတော့ လက်မှတ်တစ်စောင်ကို သောင်းဂဏန်း ပေးပြီး အလုအယက်ဝယ်ပြီး အားပေးနေ ကြလေရဲ့။

“သူ့ခေတ်နဲ့တော့ သူတွင်ကျယ် x x သူတို့ကိုလဲ ပြိုင်ဖို့ မလိုဘူးထင်ပါတယ် xx ”လို့ပဲ ပြောရတော့မယ်ထင်ပါရဲ့။

“မိုးတွေက ညို x x ရွာမလိုလိုနဲ့ x x နန်းတော်ရှေ့ကို လွမ်းရတဲ့ သဏ္ဍာန်ပုံ လို x x လွမ်းတာနဲ့ အသံကုန်ဆို xx ရန်ကုန် မြို့ အတွင်း xx ကိုယ့်သီချင်းလေး ကိုယ်ရေးလို့ ဆို xx ”

အဲသည်လို အဲသည်လိုနဲ့ မန္တလေးကို လွမ်း၊ နန်းတော်ရှေ့ကို လွမ်း၊ မြို့မငြိမ်းကို လွမ်းပေါ့လေ။
ဒါကြောင့် မန္တလေး၊ ကျုပ်တို့ မန္တလေး ချမ်းအေးပူအိုက် အောက်သူတွေ လိုက်ခဲ့ရမယ် မောင်တင်မဆို ဆိုသလိုပါပဲ ရန်ကုန်သူ၊ အဲလေ အောက်သူတွေကို ချမ်း အေး ပူအိုက်တဲ့ မန္တလေးကို ခေါ်သွားဖို့ စိတ်မကူးမိပေမဲ့ …

ရန်ကုန်မှာ မပြတ်နေပါတယ်၊ နတ် ပြည်ကြီးလို့ ဆိုကြပါစို့၊

ဟိုပန်းခြံအတွင်း ဝတိံကြီးလိုကွယ် အင်္ဂလိပ်ဘင်သံတွေက လေချိုချို ကျုပ်တို့ ဗေတို့ ဗိုလောက် နားထဲမှာ မစွဲပေါင်ဗျို ရွှေမိုးညိုပေါ့ခင်ဗျ။

မန္တလေး၊ ကျုပ်တို့ ရွှေမန †လေး၊ ချမ်း အေး ပူအိုက်လို့ အောက်သူတွေ လိုက်ခဲ့ရ မယ် မိုးသူ မဆိုလို သီချင်း အော်ဆိုနေမိ ပါကြောင်း။

မန္တလေး မန္တလေး၊ ကျွန်တော်တို့

ရွှေ မန္တလေးနှင့် မောင်မိုးသူပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts