About MoeMaKa

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး

လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ဆွေးနွေး
(MCN News) မိုးမခ ပြန်လည်ကူးယူဖော်ပြ၊ သြဂုတ် ၃၁၊ ၂၀၁၆

မျိုးဆက်သစ် လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးချပြီး သတင်းရေးသားနိုင်ဖို့ ရန်ကုန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကို MCN သတင်းထောက် နေမင်းခ ကပေးပို့ထားပါတယ်။

မီဒီယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူငယ်သတင်းသမားတွေအနေနဲ့ သတင်းအချက်အလက်နည်းပညာတွေ  အသုံးပြုမှု နည်းပါးနေတာကြောင့် အွန်လိုင်းကနေ အလွယ်တကူ ရရှိနိုင်တဲ့ အချက်လက်တွေကို အသုံးပြု သတင်းရေးသာမှုတွေ အားနည်းနေတာဖြစ်တယ်လို့ မိုးမခမီဒီယာရဲ့ အယ်ဒီတာ ကိုငြိမ်းချမ်းအေးက ပြောပါတယ်။

သြဂုတ်လ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဖန်တီးရာရုံးမှပြုလုပ်တဲ့ အိုင်တီနည်းပညာအသုံးချ စာနယ်ဇင်းအတတ်ပညာ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ ကိုငြိမ်းချမ်းအေးက အခုလို ပြောဆိုလိုက်တာပါ။

အဲ့ဒီလို အလွယ်တကူ ရရှိနိုင်တဲ့ သတင်းအချက်အလက်နည်းပညာတွေကို အသုံးပြု ရေးသားဖို့ သတင်းသမားတွေအနေနဲ့ လိုအပ်သလို သတင်းရေးသားရာမှာ သတင်းနောက်ခံ အကြောင်းအရာတွေ၊ ခေတ်မှီ နည်းပညာတွေကိုလည်း သိထားသင့်တယ်လို့ ဦးမျိုးသာထက်က ပြောပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်တွင်းက မီဒီယာသမားတွေနဲ့ သတင်းထောက်တွေ အပါအ၀င် ပြည်ပသတင်းဌာနတွေက သတင်းထောက်တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

#Myanmar_Cable_News ကနေ ကူးယူဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts