ဂျုနီယာဝင်း စာအုပ်စင်

ဂျူနီယာဝင်း – ပျော်ဖို့အတွက်သာ စာဖတ်ပါ ၂

 

 ဂျူနီယာဝင်း – ပျော်ဖို့အတွက်သာ စာဖတ်ပါ ၂

(မိုးမခစာအုပ်စင်) သြဂုတ် ၁၄၊ ၂၀၁၆

ထုတ်ဝေသူ – ဦးသိန်းလွင်
လင်းလွန်းခင်စာပေ ။ လိပ်ကန်ပန်းခြံဈေး လိပ်ကန်လမ်း တိုက် (ဒီ) ပထမထပ် ပုဇွန်တောင်မြို့နယ် ရန်ကုန်

မျက်နှာဖုံးဒီဇိုင်း – ဗဂျီလင်းဝဏ္ဏ

အုပ်ရေ – ၅၀၀
တန်ဖိုး – ၂၀၀၀ကျပ်
စာမျက်နှာ – ၁၆၀

ပထမအကြိမ်
သြဂုတ်လ ၂၀၁၆

ပျော်ဖို့အတွက်စာဖတ်ပါ စာအုပ်၏အဆက်ဖြစ်သည်။ ပထမတစ်အုပ်တွင် အုပ်၄၀ ဖော်ပြထုတ်ဝေပြီးနောက်ထပ် ကျန်ရှိနေသေးသော ၀တ္တုစာအုပ် ၄၀၏ အကြောင်းများဖြစ်သည်။ အဘိုးအဘွားများဖြစ်သော ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ်တို့၏ ကြွေးကျော်သံဖြစ်သည့် ”ပျော်ဖို့အတွက်သာ စာဖတ်ပါ” အတိုင်း စာအုပ်များကို ပျော်ဖို့အတွက် သက်သက်ဖြင့်သာ ဖတ်ရင်း ပျော်ရွှင်ခဲ့ရသော စာအုပ်များအကြောင်းဖြစ်သည်။

၂၀၀၉ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၂ဧပြီလ တိုင် မြန်မာသစ်အယ်ဒီတာ ကိုသီဟလတ်၏ တိုက်တွန်းမူဖြင့် ရေးသားဖြစ်ခဲ့သည်များကို စုစည်းထုတ်ဖြစ်ခဲ့တာ ဖြစ်သည်။ ယခု စာအုပ်၄၀ ထဲတွင် စာဖတ်ခြင်းကို မွေးမြူဖို့ တိုက်တွန်းထားသော The Art of Book Reading နှင့် ပညာရေးစနစ်ကို သုံးသပ်ပြထားသော ဆာရစ်ချက်လစ်ဗင်းစတုန်း၏ Some Task for Education တို့ကို ၀တ္တုစာအုပ်များကြား ထူးထူးခြားခြား တွေ့ကြရမည်။
အင်္ဂလိပ်စာအုပ်စာပေရှားပါးသော၊ အထူးသဖြင့် ကိုယ်ကိုယ်တိုင် ဖတ်ချင်လှသော စာအုပ်များ ရှာရခက်လှသော ဤတိုင်းပြည်မှာ သည်လိုစာအုပ်တွေ ဖတ်ဖို့ တိုက်တွန်းရသည်မှာ ခက်လှသည်။ သို့သော် စာရေးသူမှာလည်း ဤသို့သော ဒုက္ခများကို ခံကာ ထိုထိုသော စာအုပ်များကို အပင်ပန်းခံရှာဖွေဖတ်ရူခဲ့ရတာကြောင့် ထိုထိုသော အရသာကိုလည်း စာဖတ်ရသည့်အရသာအဖြစ် ထည့်သွင်းရမည် ဖြစ်ပါသည်။ စာဖတ်ရင်းဖြင့် ပျော်ရွှင်ကြပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts