ကဗျာ ဆောင်းလူ

ဆောင်းလူ ● လမ်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆောင်းလူ ● လမ်း
(မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၆

ရေမီးအစုံ
ရေညှိအဖုံဖုံ
သတ္တ၀ါမျိုးစုံ အမှိုက်သရိုက်ပုံနဲ့
ဝင်ဒါမီယာရပ်ကွက်ပျက်လို လမ်း …။

ဒီလမ်းမှာ
တဲအိုလည်း ရှိရဲ့
တိုက်ပြိုလည်း ရှိရဲ့
အရွယ်စုံစုံ အမျိုးစုံစုံ
ဝီ၀ီလည်ခြေရှုပ် ပျော်ပါးတဲ့ လမ်း ….။

ယုတ်စွအဆုံး
တောင်းစားသူတို့ ရွှင်မြူးတဲ့လမ်း ….။

ဒဏ်ရာများမှာ
ပတ်ကြားအက်လာတဲ့ လမ်း ….။

တိုက်စားမှုမှာ
ရွဲ့ရွဲ့လာတဲ့ လမ်း ….။

လှိုက်စားမှုမှာ
ကျဉ်းကျဉ်းလာတဲ့လမ်း …။

ကကြိုးအစုံအလင်နဲ့
အသုံးတော်ခံ လမ်း ….။

အက်ကြောင်းတပုံတပင်နဲ့
ခုတုံးလုပ်ခံ လမ်း ….။

တကယ်တော့
ဒီလမ်း
သက်တမ်းအရင့်ဆုံး လမ်း …။

ဆောင်းလူ
သြဂတ်စ် ၁၁၊ ၂၀၀၇

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts